PART-(15)

505 57 6
                                    

ZAWGYI

G.O.R.G.E.O.U.S 💋🍂[PART-15]

*ဦးးးး*

ပင်လယ်ဘက်ကိုကြည့်ရင်း
အတွေးတွေနစ်မျောနေပုံရတဲ့
chanyeolကိုအနောက်ကနေ
သိုင်းဖက်လိုက်ရင်း
baekhyunဆွေးမြည့်စွာ
ခေါ်မိလိုက်သည်။

*ပြောလေbaek*

ဖက်ထားတဲ့လက်တွေကို
အုပ်ကိုင်ကာ
chanyeolစကားစစေလိုက်သည်။

*papaနဲ့ဦးကြားမှာရှိနေတဲ့
အမုန်းတရားက
အရမ်းပြင်းထန်နေတာလားဟင်*

chanyeolကျောမှာ
နဖူးလေးကပ်ရင်း
လေသံဖျော့ဖျော့လေးဖြင့်
စိတ်မောစွာပင်
baekhyunမေးလိုက်မိသည်။
အကြောင်းအရာအသေအချာ
မသိပေမဲ့လည်း
baekhyunက
papaနဲ့chanyeolကို
အဆင်ပြေစေချင်တာအမှန်.....

chanyeolတစ်ဖက်လှည့်လိုက်ကာ
baekhyunကိုရင်ခွင်ထဲထည့်ရင်း

*မသိချင်စမ်းပါနဲ့beak
မင်းရဲ့papaက ဘယ်လောက်ထိယုတ်မာ....*

စကားတွေရပ်သွားခဲ့တာက
နှုတ်ခမ်းထိပ်မှာပိတ်လိုက်တဲ့
လက်ဖဝါးနုနုလေးကြောင့်

ချစ်ရသူက papaကိုပြောမဲ့
ခါးသီးတဲ့စကားတွေကိုမလိုလားမိတော့.....

မျက်ရည်တွေဝဲတက်လာတဲ့ကောင်လေးက
နှုတ်ခမ်းတွေတော့ပြုံးနေဆဲ

*ကျွန်တော်က ဦးကိုအရမ်းချစ်တယ်
ဦးရော ကျွန်တော့်ကိုချစ်လားဟင်*

မျှော်လင့်ချက်နဲ့မျက်ဝန်းလေးက
အချိန်အတော်ကြာထိ
chanyeolမျက်ဝန်းတွေထဲ
အဖြေရှာနေခဲ့သည်။
တိတ်ဆိတ်နေတဲ့အခန်းလေးက
တကယ်ကိုကြေကွဲဖွယ်
မျက်ရည်တွေကွယ်ဝှက်ဖို့
chanyeolရင်ခွင်ကျယ်က
baekhyunအတွက်
အကောင်းဆုံးဖြစ်ခဲ့လေရဲ့.....
chanyeolသက်ပြင်းမောတစ်ခုကို
ချလိုက်ရင်းသာ.....

*ဗိုက်ဆာနေပြီမလား
ကိုယ်မှာထားတာတွေ
ရောက်နှင့်နေပြီ လာ!
သွားစားကြမယ်*

ကျောလေးကိုပုတ်လိုက်ရင်း
အခေါ်ပြုပေမဲ့
ရင်ခွင်ထဲကကောင်လေးက
ခေါင်းခါငြင်းဆန်ရင်း

*ဟင့်အင်း ဒီလိုလေး...ဒီလိုလေးက
အရမ်းနေလို့ကောင်းတယ် ရွှတ် ဟီး*

ငိုနေမှန်းမသိစေချင်လို့
အဖျားသတ်ရီသံလေးနဲ့
အဆုံးသတ်လိုက်ပေမဲ့
ဘယ်လောက်ထိကြေကွဲနေလိမ့်မလဲ
ကာယကံရှင်ပဲမဟုတ်
chanyeolလည်း သိလောက်ပါရဲ့
သို့ပေမယ့်...
baekhyunအတွက်
အဖြေကတော့ ရှိမနေခဲ့ပါ.....

G.O.R.G.E.O.U.S 💋🍂 (UNI+ZAW) [completed]Where stories live. Discover now