Unicode
မနက်ခင်း ရောင်ခြည်နှင့်အတူ ကားအနက်လေးကတော့ Jeonအိမ်ကြီးထဲ မောင်းနှင်လို့လာသည်။ကားရပ်သွားသည်နှင့်တပြိုင်နက် ကားပေါ်မှ Nan ဆင်းလာသည်။ကားလေးကတော့ဂိုထောင်ဘက်မောင်းနှင်သွားသည်။"Mommy သတိရနေတာ ဟီးဟီး Minnie အတွက်ဘာပါလဲ"
"ဘာမှမပါဘူးလေ Minnie ကဘာမှမှမမှာလိုက်တာ Mommy မေးသားပဲ ဘာမှာဦးမှာလဲလို့ ခုကဘာရချင်လို့လဲ"
"ဟင့်အင်း ဘာမှမရချင်ပါဘူး Mommy ပြန်လာတာနဲ့တင် ပြည့်စုံနေပြီ"
ထိုစကားကြောင့်Nan က ပြုံးသည်။
ခါတိုင်းက Mommy ပြန်လာရင် ဘာပါလဲလို့မေးစမရှိတဲ့ သူက ခုတော့ထူးထူးခြားခြားမေးနေခြင်း။ဒါကတော့အကြောင်းမဟုတ် Mommy များပြောင်းလဲသွားလားလို့ပေါ့။မှာလိုက်တဲ့အရာကလွဲပြီး ဘယ်တုန်းကမှ အပိုမဝယ်ပေးတတ်တဲ့ Mommyက Jungkookie ကိုတော့စက်ဘီးလေး ဝယ်ပေးထားသတဲ့။ဒါပေမဲ့ သူဝမ်းသာပါတယ်။သူစိမ်းမှမဟုတ်တာ သူ့ညီလေးပဲမလား။သားမိနှစ်ယောက်အိမ်ထဲဝင်သွားပြီး Mommy ကပဲစကားဆိုသည်။
"Jungkookရော အိမ်မှာရှိရဲ့လား"
"ရှိတယ် အိပ်ယာမထသေးဘူးထင်တယ် သွားနိုးလိုက်ရမလား"
"သူအိပ်နေရင်လဲ မနိုးပါနဲ့ ဒီည Mommy တို့ အိမ်မှာပဲ ညစာစားပွဲလေးလုပ်ကြမလား"
"ဟုတ် Mommy သဘောကျတယ်"
သားမိနှစ်ယောက်စကားပြောနေတုန်း Jeon Min အိမ်ထဲဝင်လာသည်။ထို့နောက် Jiminအား....
"သားက ဘာတွေကြိုက်တတ်လဲ"
"Minnie ကအကုန်ကြိုက်တယ် ဟီးဟီး"
Jimin စကားကို Jeon Min သဘောကျစွာရယ်ရင်း.....
"ဟားဟား..... အဲ့လို ဂျီးမရှုတ်တာကောင်းတာပေါ့ Jungkook ကတော့ အရမ်းဂျီးရှုတ်တယ် ညကျ သူ့အကြိုက်တွေပဲ ပြင်ကြတာပေါ့ အဆင်ပြေရဲ့လား "
"ပြေပါတယ်"
"Minnie Mommy တို့ ခရီးပန်းလာလို့ သွားနားဦးမယ် ညမှ စုံကြတာပေါ့"
Nan က အရင် အခန်းထဲဝင်သွားသည်။
Jeon Min နဲ့ Jiminသာ ကျန်ခဲ့သော်လည်း သားဖနှစ်ယောက်က ရင်းနှီးမနေတာကြောင့် Jimin ဘာပြောရမှန်းမသိ။နေရထိုင်ရခက်လာသလိုလို။