Chapter _11

5K 495 9
                                    

Unicode

“ ဆရာမလေး ၊ ဟိုမမချောချော ရောက်နေတယ်”

နားချိန်ဖြစ်လို့ ခုံပေါ်မှာ စာအုပ်လေးတွေကို အမှတ်ခြစ်နေစဉ် ကလေးလေးတစ်ယောက်က လာပြောသည် ။ ထိုကလေးမလေး ညွှန်ပြရာကို ကြည့်တော့ အခန်းရှေ့မှာ ရပ်နေပြီး လွမ့်ကို လက်ပြနေတဲ့ ဟွမ်...အဲ မှားလို့ မောင် ....

တစ်နေ့က ဟွမ်က လွမ့်ကို မောင်လို့ခေါ်ခိုင်းသည် ။
ဟွမ်လည်း ရှက်ရှက်နှင့် ခေါ်လိုက်ဝောာ့ ဟွမ်က ဆက်ပြောတယ်လေ..
“ ဟွမ်လို့ခေါ်ရင် စုလွမ်ရဲ့ ပါးကို တစ်ခါ နမ်းမယ်”
ထိုစကားကို လွယ်လွယ်နှင့် လွမ် လက်ခံလိုက်မိခဲ့၏။

နောက်နေ့ကျတော့ အမှတ်တမဲ့နဲ့ မောင့်ကို ဟွမ် လို့ခေါ်ခဲ့မိတော့။ ဟွမ်သည် လွမ့်ပါးကို လျှပ်တပြက် အတွင်း လာနမ်းခဲ့သည်လေ ။
ထိုနေ့က လွမ့်မှာ ရှက်လွန်း၍ မျက်နှာချင်းတောင်မဆိုင်နိုင်...
ဟွမ့်ကို ‌ရှက်၍ အခန်းထဲပိတ်ကာ ရှောင်နေမိတော့ ဟွမ်က သူ့ကို ထပ်ရှောင်နေလျှင် ထပ်နမ်းမည့်နေရာက ပါးမဟုတ်ပဲ နှုတ်ခမ်းဖြစ်သွားမယ်တဲ့လေ...

လွမ့်မှာတော့ ရှက်ရှက်ဖြင့် ဟွမ်နှင့် မျက်နှာချင်း ဆိုင်ခဲ့ရသည် ။ ထိုနေ့က အကြောင်းကို ဟွမ်သည် အခုထိ ပြောပြောပြီး သတိရတိုင်း အားရပါးရ ရီနေတုန်း... ထိုအကြောင်း‌ပြောတိုင်း လွမ့်မှာ ရှက်လွန်း၍မျက်နှာတောင် မထားတတ်ဖြစ်ရသည်...
ထိုအကြောင်းကိုသိတော့ ဟွမ်က ပို စ ၏ ။

“‌ ‌မောင့်စုလွမ်..မျက်နှာလေးနီရဲနေတာပဲ ၊ ဘာတွေစဉ်းစားနေလို့လဲ ”

“မ...မဟုတ်ပါဘူး ”

“မောင် ခန့်မှန်းကြည့်ရမလား ”

ထိုစကားကြောင့် လွမ့်မျက်လုံးလေး ဝိုင်းသွား၏။

“ မောင်နော် တော်တော်ဆိုး ”

လွမ့်စကားလည်းကြားရော ဟွမ်က နှဖူးချင်း ခဏတာ လာထိပြီး

“မောင့်စုလွမ် စိတ်မဆိုးနဲ့နော် ၊ မောင်ကစုလွမ်နဲ့ ထမင်းအတူစားချင်လို့ သစ်တောဝိုင်းထဲက အပြေးလာရတာ ”

ဟွမ်ကလက်ထဲက ဆွဲလာတဲ့ ချိုင့်ကို မြှောက်ပြ၏။
ထိုထမင်းချိုင့်ဟာ မနက်က ဟွမ့်ကို အလုပ်ထဲမှာ စားရန်အတွက် သေချာပြင်ပေးလိုက်တဲ့ ထမင်းချိုင့်ဖြစ်၏။

ချစ်သော နန်း နှင့် ဟွမ် ( Completed )Donde viven las historias. Descúbrelo ahora