""ဦးချစ်သော အမွှေစိန်လေး""
🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၁၇🌺"ဘာ..ဘာပြောတယ်..ဆင်၀တ်တဲ့ အ၀တ်စားတွေကို ကြွက်၀တ်လို့ .ချော်လဲတာ ဟုတ်လား...ဟား..ဟား..ဟား...အမွှေစိန်ရယ်..မင်းကတော့နော် ပြောလိုက်ရင်..တကယ့်ပေါက်တတ်ကရတွေချည်းဘဲ .ဟား..ဟား. ဟား..""
""ရယ်နေတာလေး နည်းနည်းလျော့ပြီး ..ဒီက ချစ်စရာ ကြွက်ပေါက်လေးကို လဲ လာထူပေးပါဦး...""
ဟု သုန်သုန်က နွေဦးသခင်ဆီ လက်ကမ်းပေးရင်းနှင့်ဆိုလိုက်လေသည်။
နွေဦးသခင်လဲ..သုန်သုန်ကိုယ်လေးကို
ချိုင်းကနေ မ.ချီလိုက်ပြီး ကုတင်ပေါ် တင်ပေးလိုက်၏။သုန်သုန်ပြောတာလဲ မမှား..။ ကလေးပေါက်စလေးကို လူကြီးအ၀တ်စားတွေပေး၀တ်ထားသလိုမျိုး ဖြစ်နေလေသည်။ .မပြောမဆိုနှင့်
.သုန်သုန်ခြေရင်းဘေး ထိုင်ချလိုက် သည့် နွေဦးသခင်ကြောင့် သုန်သုန် အလန့်တကြားနှင့် သူခြေထောက်လေးကို ကုတင်ပေါ် ဆတ်ခနဲ့ တင်လိုက်ပြီး..။""ဘာ..ဘာလုပ်မလို့လဲ ..ဦးရဲ့..ဘာဖြစ်လို့ ကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်တာလဲ ဟင်..ဘာလဲ..ကြွက်...ကြွက်.တွေ့လိုက်လို့လား...""
ဟု မျက်လုံးလေးအပြူးသားနှင့်မေးလာလေသည်။
""အင်း..ဟုတ်တယ်.ကြွက် ..ကြွက်ပေါက်ကြီးမှ အကြီးကြီးရယ်..""
""ဟင်..ဟုတ်လား..ဘယ်မှာလဲ..ဘယ်မှာလဲ..အဲ့ကြွက်ကို မောင်းထုတ်လိုက်နော်..ဦးနော်..""
""အဟက်..ဘာလဲ .မင်းကကြွက်ကိုကြောက်လို့လား..""
""ကြောက်စရာလား..ကြွက်ကိုမကြောက်ပါဘူးဝေးသေး..အူယားတာ..ရွံ့တာ ..ဟုတ်ပြီလား ဦးနေတာထိုင်တာ.။ညစ်ပတ်လို့ .ကြွက်ရှိနေတာ..""
ဟု ခပ်စွာစွာလေးနှင့်ပြောလာသည့် အမွှေစိန်..။
""ဪ..အဲ့ဒါဆို မင်းက ကြွက်ကိုမကြောက်ဘူးပေါ့.ဟုတ်လား..""
""ဟုတ်တယ်..မကြောက်ဘူး .""
""အဲ့ဒါဆိုလဲ.တော်ပါသေးတယ်..မင်းက..ကြွက်ကြောက်တတ်တဲ့သူမဟုတ်တော့.အခုမင်းထိုင်နေတဲ့ ကုတင်ပေါ်မှာ ကြွက်တက်သွားလဲ..ကိစ္စမရှိဘူးမလား .""