'ကလေးတို့ တီချယ် အခုရှင်းသွားတဲ့
Grammarတွေ နားလည်တယ်မလား...နားမလည်တာရှိရင်မေးလို့ရတယ်နော်....''နားလည်ပါတယ် တီချယ်....'
'ဟုတ်ပြီ အဲ့ဒါဆိုရင် Pg.25ကိုလှန်....အဲ့မှာတွေ့တဲ့
Paragraphကိုတွေ့လား....တီချယ်မနေ့ကပေးလိုက်တဲ့ Vocabularyတွေကျက်ပြီးပြီလို့ထင်တယ် အဓိပ္ပါယ်သိရင် စာပိုဒ်ဖတ်ဖို့က မခက်ဘူး ကိုယ့်ဘာသာ ဖတ်ကြည့်ကြနော် စာပိုဒ်အောက်က Answer and Questionတွေကိုဖြေကြည့် ပြီးရင်တော့ တီချယ့်ဆီစာအုပ် လာထပ်ကြ...အမှတ်ခြစ်ပြီးမှ
စာပိုဒ်ပြန်ရှင်းပြပြီး မှားတာတွေပြင်မယ်နော်
အချိန်မိနစ် ၂ဝပေးမယ်....ကဲ လုပ်ကြတော့....'ဟန်သာတို့၏ အတန်းပိုင်ဆရာမ သင်သည့်နည်းလမ်းမှာ
တမျိုးဖြစ်သည်။ တခြားဆရာမတွေက စာပိုဒ်အရင်ရှင်းပြပြီးမှ Questionတွေဖြေခိုင်းပေမဲ့
တီချယ်ကတော့ ကို့ဘာသာ အရင်လုပ်ကြည့်ပြီးမှ အမှားတွေ ပြန်ပြင်ခိုင်းသည်။ဤနည်းအသုံးပြုခြင်းဖြင့်
စာဖတ်ဖြစ်သလို စာလည်းမှတ်မိစေသည်ဟု ဆရာမကပြောသည်။Engတီချယ်လေး၏ ပြောကြားမှုပြီးသွားတဲ့နောက်မှာ
ဆရာမခိုင်းသည့်အတိုင်း ကျောင်းသား၊ကျောင်းသူများ စတင်လုပ်ဆောင် ကြလေသည်။ စာကျက်လာတဲ့သူတွေကတော့ စာပိုဒ်ကို မြန်မြန်ဆန်ဆန် ဖတ်ပြီးတော့ answerများ စတင်ဖြေနေကြလေပြီ။ မကျက်လာတဲ့သူတွေကတော့ မနေ့က ဆရာမ သင်လိုက်တဲ့Vocabularyစာအုပ်များပြန်လှန်ပြီး တစ်လုံးကြည့်လိုက် တစ်ခါဖတ်လိုက်နှင့် ထင်သလောက် ခရီးမတွင်ဖြစ်နေကြသည်။ ဆရာမပေးထားသည့် အချိန် မိနစ်နှစ်ဆယ်အတွင်း အပြီးလုပ်ရမည်ဖြစ်သောကြောင့် မြန်မြန်ဆန်ဆန်လုပ်နေကြသည်။ဘေးနှစ်ဖက်ကိုကြည့်လိုက်တော့
ဖြိုးမင်းသူရနှင့် ပိုင်ဦးမောင်က ခေါင်းငုံ့ကာ ကြိုးစားပမ်းစား အဖြေတွေ ဖြေနေကြလေပြီ။ စာမကျက်လာမိသောဟန်သာ
အခုမှ ဒုက္ခရောက်နေပြီဖြစ်သည်။ ဟန်သာမှာ စာတော်သည့်ကျောင်းသားများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်ပေမဲ့ စာကျက်တော့ အရမ်းပျင်းလေသည်။ တနေ့စာတနေ့ ပုံမှန်မကျက်ဘဲ စာမေးပွဲနားနီးမှ စုပြုံကာ ကျက်သူဖြစ်သည်။ ဉာဏ်ကောင်းသော သူတစ်ယောက်ဖြစ်တာကြောင့် အခက်အခဲတော့ သိပ်မရှိလှ။
![](https://img.wattpad.com/cover/134550915-288-k709304.jpg)
YOU ARE READING
❤Love is Smiling❤ (Z/U)(Completed)
Romanceအချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ Love is smiling Boy love(own creation) အချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်...