လင်းရောင်ခ အနည်းငယ်နားလည်လိုက်သည်က...ထက်ကောင်းယံက ဟန်ဇင်ခကိုမုန်းသည်...။
ဟန်ဇင်ခကလည်း မုန်းသည်...။မုန်းသင့်ပါသည်လေ...။
သူနားမလည်သေးသည်က...အသုံးချတယ် ဟုသောစကားကိုပင်...။
မျက်ရည်စက်တို့ တွဲလဲခိုနေသော မျက်တောင်လေးတွေအား ပုတ်ခတ်လိုက်ရင်း...ဟန်ဇင်ခအား မျှော်လင့်တကြီးဖြင့်ကြည့်ကာ မေးလိုက်သည်.....။"ဟို..သားကို..သားကိုသေချာပြောပြကြပါဦး...မေမေ့ကိုသတ်တာက ကိုထက်အဖေပါ...ကိုထက်နဲ့မဆိုင်ပါဘူးနော်..ကိုကြီးရယ်...ပြီးတော့ သူသားကို တစ်ကယ်ချစ် --"
"လင်းရောင်ခ!!!..မင်းအခုထိနားမလည်သေးဘူးလား...အဲ့လောက်တောင် ဖြစ်နေတယ်ပေါ့လေ!!.."
လင်းရောင်ခ မျက်လုံးဝိုင်းလေးနှင့်သာ ဟန်ဇင်ခအား ကြည့်နေမိသည်...။
မိမိစိတ်ထဲမှာထင်နေသည်ကလည်း...အရင်ရန်ငြိုးတွေကြောင့် ထက်ကောင်းယံအား ဟန်ဇင်ခ အမြင်မကြည်နိုင်၍သာ ထိုသို့ထင်နေခြင်းဖြစ်သည်ဟုပင်...။"ကိုကြီး...မေမေ့ကိစ္စက ကိုထက်နဲ့မဆိုင်ပါဘူးဗျာ..ကိုထက်က လူကောင်းပါ...သား သူ့ကြောင့်ဒုက္ခရောက်ခဲ့ရတာတွေ ဘာမှမရှိပါဘူး..တစ်ကယ်ပါ..."
ဟန်ဇင်ခ အံ့သြစိတ်ပျက်စွာဖြင့် ညီဖြစ်သူအား ကြည့်နေမိသည်...။
ဝမ်းနည်းစိတ်ထက် ပိုကဲနေသည်က အလိုမကျသည့်ဒေါသစိတ်တို့သာ......။"သူ့ကြောင့် ဒုက္ခမရောက်ဖူးဘူး..ဟုတ်လား..အဟား..ဘယ်ရောက်မလဲ...ဒီမှာတင်အဆုံးသတ်သွားပြီလေ...ဒီနေရာမှာငါသာ ရှိမနေရင် မင်းဒုက္ခအကြီးအကျယ်ရောက်တော့မှာကို နားလည်လား...."
"မဟုတ်ဘူး..အဲ့လိုမဟုတ်ဘူး..ကိုကြီးအထင်လွဲ--"
"တော်တော့!!!...မင်းပါးစပ်ကိုပိတ်လိုက်ပါတော့ကွာ!!..မင်းကောင်က မင်းကိုသိပ်ချစ်တယ်များထင်နေလား...ထွီ!! ရွိ့ဖို့ကောင်းတယ်...အဲ့ကောင်..ထက်ကောင်းယံဆိုတဲ့အဲ့ကောင့်..ဒင်းအဖေကို ငါ ကလဲ့စားပြန်ချေတာကိုမကျေနပ်လို့...ငါ့ကိုပြန်ပြီး လက်တုံ့ပြန်တာ...မင်းကတော့ သူ့ရဲ့နယ်ရုပ်လေးသာသာပါ လင်းရောင်ခရာ..သူမင်းကို အသုံးချနေတာပါ...."
လင်းရောင်ခ ရင်ထဲတွင် မုန်တိုင်းထန်ကုန်သည်...။ကြားရသည့် စကားတို့က ငလျင်အကြီးစားသဖွယ်...။
YOU ARE READING
⚠BECAUSE...⁉ {U+Z} (Completed)
Romanceဘာကြောင့်ချစ်မိသွားသလဲ..... ဘာကြောင့်စွဲလမ်းမိသွားသလဲ..... မာနတွေ..အမုန်းတွေကရော..ဘယ်ကိုရောက်သွားသလဲ... အဘယ်ကြောင့်ဆိုသော်.............