7...

35.5K 4.2K 315
                                    


" အလုပ် " ဟူ၍သာခေါင်းစဉ်တပ်ရပါသည် ။
အဝတ်​စားလေးထုတ်ပေးလိုက် ဟင်းပွဲလေး ပြင်ပေးလိုက်နှင့်သာ ။ အခုလည်းညနေစာ အတွက်ပြင်ဆင်နေရပြန် ။ ငရုတ်သီးထောင်းကို စားချင်ပါသည်ဟုဆိုလာသူ သူ့အတွက်
ကျွန်တော့်တာဝန်က ငရုတ်သီးထောင်းရာ နေရာတွင် ။

" ဘကြီးရေ ငါးကြော်တွေကပ်ပြီး ကြေကုန်မယ်နော် "

ဘေးကပ်ရပ်ကငါးကြော်နေသည့် ဘကြီးဆီသတိပေးစကားဆိုရင်း ဘကြီးတစ်ယောက်ခြားက ကြီးကြီးတင်ကိုလည်း
မေးပါဦးမည် ။

" ကြီးကြီးတင်ရေ ချဉ်ရည်ဟင်းလေးရော
ရတော့မယ်လားဗျာ "

" ရတော့မှာပါရှင် "

" ၅ နာရီထိုးတော့မယ်ထင်တယ်နော့ ဘကြီးရာ "

" နာရီဝက်လောက်လိုသေးတယ်
ကဲကဲ မြေးလေးကရောပြီးပြီလား "

" ပြီးပြီ ဒီမှာစားပွဲပေါ်မှာတောင်အဆင်သင့် "

ထိုကျန်ရှိနေတဲ့အချိန်လေးအတွင်းမှာ
ကျွန်တော်စဉ်းစားအကြံပေးသော ဟင်းအမယ်လေးတွေနဲ့ညနေစာလေးသည်
ညနေ ၅ နာရီအချိန်တွင်တော့ စားပွဲပေါ်တွင်
စားချင်စဖွယ် ။ ပြင်ဆင်ပြီးသည်နှင့်မကြာပါဘူး
အေးအေးလူလူနဲ့သူဆင်းလို့လာပြီး ထမင်းစားဝိုင်းတွင်ဝင်ထိုင်ကာ အဆင်သင့် ပြင်ထားသောထမင်းကိုစားသည် ။ သူလည်း တိတ်တိတ်ဆိတ်ဆိတ် ဘေးနားက ကျွန်တော်တို့လည်းတိတ်တိတ်ဆိတ်ဆိတ် ။

" ရှိုး သား ငရုတ်​သီးထောင်းလေးကောင်းရဲ့လား "

" အင်း "

စေတနာပါပါအားတက်သရော လက်အပူခံပြီး ထောင်းထုပေးရသည့်ငရုတ်သီးထောင်းကို
အားရစွာဖြေလိုက်ပုံက * အင်း * တစ်လုံးတည်း။
စကားလေးသုံးလုံးလောက်ပိုပြောလိုက်ရင်
ဘယ်သူကသူ့ကိုတရားစွဲမှာကျလို့ပင် ။ သို့ပေမယ့်လည်း ထမင်းအပိုထပ်ထည့်ကာ
အားရစွာစားသည်ကြောင့် ကျေနပ်ရပါသည် ။
ဒီလိုနှင့်ပင် ပျင်းရိဖွယ်ညနေခင်းစာလေး
အဆုံးသတ်သွားပြန်ပါသည် ။

အချိန်ကားညနေ ၆ နာရီတွင်သာရှိပေမယ့်
ဆောင်းဦးအမှောင်ထုကတဟုန်ထိုးပင် ။
ခြံဝန်းကြီးထဲလမ်းထွက်လျှောက်ရင်း
အလွမ်းပြေအမေ့ဆီဖုန်းဆက်ရင်း ။

"" Mile "" ..... Love you Where stories live. Discover now