Zawgyi#
"အရှင်မင်းကြီး လျောက်တင်စရာ ရှိကြောင်းပါ ဘုရား "
"အရေးမသင့်ရင် နောက်မှ ပြန်လာခဲ့ငါ ကိုယ်တော် အခု မအားသေးဘူး "
"အရေးကြီးလှပါတယ် မင်းကြီး မင်းသမီးနဲ့ သက်ဆိုင်နေကြောင်းပါ "
"ဝင်လာခဲ့ "
အမိန့်တော် ရတာနဲ့ ကျိုးကုန်းကုန်းတို့ သုတ်သုတ် သုတ်သုတ်နဲ့ အဆောင်တော်ကို ဝင်သွားသည်
"မင်းသမီးနဲ့ သက်ဆိုင်သည့် အကြောင်းက အဘယ်နည်း "
"ဝမ်နိုင်ငံ ကို ကြင်ယာတော် အဖြစ် ပို့မည့် မင်းသမီး ပျောက်ဆုံးနေကြောင်းပါ. "
."ဘယ်လိုအမြန် လျောက်တင်စမ်း "
"မင်းသမီးလေးရဲ့ အခြွေရံတွေ မနက်ခင်း ကိုယ်လက်သန့်ရှင်းဖို့ရာ မင်းသမီး အဆောင်တော်အရောက်အခန်းထဲ ဘာအသံမျှတုံ့ပြန်မကြားသည့်မို့ အဆောင်ထဲကို ဝင်ကြည့်ရာ မင်းသမီးလေး ကို မတွေ့ကြောင်းပါ မင်းကြီး "
"မည်သို့ လုပ်ကြမတုန်း ငါကိုယ်တော်မြတ် မျက်နှာပျက်ရတော့မည် မကြာမီရက်အတွင်းမှာ ဝမ်နိုင်ငံက အိမ်ရှေ့စံမင်းသား ကြွရောက်မှာမို့ သေချာ စောင့်ကြည့်ခိုင်းတယ်မဟုတ်လား ဘာကြောင့် ဒီလောက်ပေါ့ဆ ရသနည်း ကျိုးအထိန်းတော် "
"သေလောက်တဲ့ အပြစ်ကို ကျူးလွန်မိပါသည် မင်းကြီး အပြစ်ပေးနော် မူပါ "
"အခု ချက်ချင်းမင်းသမီးကို ရှာပါ အမျိုးသားပုံစံနဲ့ရော အမျိုးသမီး ပုံစံနဲ့ပါ ပုံတူ ပန်းချီတွေကို တမြို့လုံး ဖြန့်ပြီး ရှာပါ ကျိုးအထိန်းတော်ဒါဟာ ငါကိုယ်တော်ပေးတဲ့ မောင်မင်းအတွက် အပြစ်ဒဏ်ဘဲ "
"ကျေးဇူးကြီးလှပါတယ် မင်းကြီး "
ကျိုးအထိန်းတော် ကြီးလည်း မင်းကြီး အဆောင်ကနေ ထွက်လာပြီးနောက် မြို့တော်အတွင်းမှ အတော်ဆုံး ပန်းချီဆရာများကို ခေါ်ပြီး မင်းသမီးလေးရဲ့ ပုံတူ ပန်းချီကားကို ယောင်္ကျား သဏ္ဍန်ရော မိန်းမသဏ္ဍန် ရေးဆွဲ စေသည်
မင်းသမီး ဆိုတာက အမှန်တကယ်အားဖြင့် မင်းသားတပါးသာ ဖြစ်သည် ဝမ်နိုင်ငံနဲ့ ရှောင်နိုင်ငံ စစ်ဖြစ်ပွားခဲ့စဉ်က နှစ်ဖက် နိုင်ငံလုံးရဲ့ မိဖုရားခေါင်ကြီးတွေ ဆီမှာ သန္ဓေတည်နေကြပြီး ကလေးများမွေးဖွားသင့် တိုင်အောင် စစ်သည် မပြီးဆုံးခဲ့ကံ့မကောင်းစွာနဲ့ ဝမ်နိုင်ငံရဲ့ မိဖုရားက ကလေး မွေးမဖွားနိုင်ဖြစ်လေသည် နန်းတွင်း ပညာရှိအမတ်တွေရဲ့ တွက်ဆမှုအရ မိဖုရား ကလေး မမွေးရခြင်းမှာ တဖက် နိုင်ငံရဲ့ မွေးလာမည့် ကလေးကြောင့်သာ ဖြစ်သည် ထို့အတွက်ကြောင့် အဲ့ ကလေးကို သာ သတ်နိုင်မည် ဆိုရင်တော့ မိဖုရားဟာ ကလေးလျောလျောရှုရှု မွေးနိုင်မည် ထို့ အတွက်ကြောင့် ဝမ်မင်းကြီးအား ရှောင် မင်းကြီးရဲ့ ကလေးကို သတ်ရန် လျောက်တင်လေသည် ဝမ်မင်းကြီး ဟာ အမှန်အားဖြင့်ဆိုလျှင် သူသည် ဘုန်းလက်ရုံး ဆန့်တန်းရုံမျှုဖြစ်သည်မို့ ထို ကိစ္စအချင်းအရာက သူ့အတွက်တကယ်ကို မလုပ်ချင်ပါ

YOU ARE READING
ကြင်ယာတော် မောင့်မိဖုရား🚨🚨(ကင်ယာတော် မောင့်မိဖုရား)#completed #
Fanfiction🚨🚨🚨🚨🚨🌚🌚🌚🌚🌚