31

11.3K 1.7K 60
                                    

"သားငယ် ရှေ့က ဟိုကောင်လေးမလား"

မာန်ပြည့်တို့ အိမ်ကို သွားချင်နေသော မားမားနဲ့ပါးပါးကို သူလိုက်ပို့ဖြစ်သည်။ လမ်းကကျဉ်းမြောင်း၍ ကားကို လမ်းဘေးဈေးဆိုင်များနှင့် မပွန်းမတိုက်မိစေရန် သတိထားမောင်းနေတုန်း မားမားက ကားနောက်ခန်းမှ လက်ညိုးညွှန်ကာ ပြလာသည်။

ပေါက်တူးတစ်လက်စီ ကိုင်ကာ မြောင်းဘေးတွင် မာန်ပြည့်နဲ့ရာဇာ အတူယှဉ်ရပ်နေသည်။ မာန်ပြည့် မျက်နှာက သူတို့ကားလာရာဘက်ကို လှည့်ထား၍ အရှင်းမြင်ရသော်လည်း ရာဇာ့ကိုတော့ ဘေးတစောင်းအနေအထားဖြင့်သာ မြင်နေရသည်။
တမ်းတနေသော နှလုံးသားက ရိပ်ခနဲ လှုပ်ခတ်သွားသည်။ စွပ်ကျယ်ဂျိုင်းပြတ်အဖြူနှင့် ပုဆိုးကို ခပ်တိုတိုဝတ်ပြီး ခမောက်ကလည်း ဆောင်းထားသေးသည်။ သဘောတကျရယ်နေတဲ့ ခပ်ညီညီသွားတန်းကြောင့် ခပ်သဲ့သဲ့ နှလုံးသားက တဒိတ်ဒိတ်ဖြစ်လာသည်။
အသားအရည်က ဖြူလွန်းသူဖြစ်၍ လက်မောင်းသားနှင့် ပုခုံးစောင်းတို့မှာ နေပူရှိန်ကြောင့် ခပ်ရဲရဲပင် ဖြစ်လို့နေသည်။ ဒီလို ရပ်ကွက်ကာလသား ပုံစံနဲ့လည်း ရာဇာက ကြည့်ကောင်းသည်။ မေးစေ့က မှဲ့နက်လေးက ထင်ထင်ရှားရှား။

"သားငယ်!!"

ရာဇာ့ကမ္ဘာထဲ ရောက်သွားတဲ့ သူ့အသိစိတ်တွေက မားမားခေါ်သံကြားမှ သတိပြန်ဝင်လာသည်။ အသိစိတ်လွတ်သွားတဲ့အထိ အဲ့မှဲ့နက်လေးကို ငေးကြည့်နေမိတာ။ သူ အဲ့အပြုံးတွေအောက်မှာ ထပ်ညို့ခံလိုက်ရပြန်ပြီ။
ကားရပ်ပြီး ငေးမောနေသည့် သူ့ကို ပါးပါးကပါ လှည့်ကြည့်လာသည်။

"ကားကို ရှေ့နားမှ လမ်းဘေးကပ်ရပ်လိုက်မယ်"

မြောင်းရှိရာဘက်သို့ ပြန်လှည့်သွားသည့် နှစ်ယောက်က နောက်ကျောမှ သူ့ကားဖြတ်သွားသည်ကို သတိမထားမိကြ။
မာန်ပြည့်ကို တစ်ချက်တစ်ချက် စိုက်ကြည့်လိုက်တဲ့ ရာဇာ့ မျက်ဝန်းတွေက အသက်ဝင်လွန်းနေသည်။ နှုတ်ခမ်းတို့ကို အနည်းငယ်ပြုံး၍ မြတ်နိုးဖွယ်ရာ တစ်ခုကို တန်ဖိုးဖြတ်မရနိုင်အောင် ကြည့်နေသည့် အကြည့်မျိုးဖြစ်သည်။

"မားမား ကားထဲနေခဲ့မလား သားအရင် သွားခေါ်လိုက်မယ်"

မားမားက ခေါင်းခါကာ ကားပေါ်မှ ဆင်းလာသည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Место, где живут истории. Откройте их для себя