Chapter 6

4.7K 770 8
                                    

Little Beauty

Zawgyi

Cheng Yang ကိုယ်လေးတောင့်တင်းသွားပြီး မလှုပ်ရှားရဲတော့ပေ။
သူ့ ကိုကြည့်လာတဲ့ အန္တရာယ်ရှိတဲ့အကြည့်
စူးစူးတွေက ထပ်မလှုပ်ရှားဖို့သတိပေးနေတယ်။တစ်ချိန်ထဲမှာဘဲ Cheng Yang ရဲ့ဖြူဝင်းပြီးသွယ်လျတဲ့ လည်တိုင်
လေးက နီရဲလာခဲ့တယ်။သူ့ရဲ့အောက်ပိုင်းနဲ့ ထိနေတာက ဘာလဲဆိုတာ အရှင်းကြီးပင်။ ထိုအရာက ငြိမ်နေသေးပေမဲ့သူထပ်လှုပ်ရှားလိုက်ရင် ကြောက်စရာကောင်းလောက်အောင် နိုးထလာတော့မည်။

မျက်နှာချင်းဆိုင်က ကစားသမားနှစ်ယောက်ကတော့
Cheng Yangတို့ အခြေနေကိုသတိထားပုံမရ။

ညာဘက်ကတစ်ယောက်က She Yan
ကို သူ့ ဘေးကအလှလေးကိုသာ ပိုးမနေဘဲ ကစားပွဲကိုလည်းဆက်ဖို့ နှိုးဆော်လိုက်တယ်။
She Yan ကသူ့ လက်မောင်းတွေကို Cheng Yang ခါးပေါ်ယှက်ထားလိုက်တယ်။
အရင်တခါကလောက် အားမထည့်တာကြောင့်
Cheng Yang ရုန်းရင် လွတ်နိုင်လောက်သည်။

Cheng Yang အရှေ့ကိုနည်းနည်းထပ်တိုးချင်ပေ
မဲ့ အခုကို တစ်ဝက်လောက်တက်ကြွနေတဲ့ သူ့ 
အောက်ကအရာက သူသာထပ်လှုပ်လိုက်ရင်
တစ်ခုလုံးထောင်မတ်လာတော့မည်။

She Yan က Cheng Yang သူ့ အရာကိုပွတ်မိ
နေလို့ ရှက်နေမှန်းသူသိတယ်။ကောင်လေးမျက်
နှာက မှည့်နေတဲ့မက်မွန်သီး လေးလိုဘဲ ရဲနေ
ပြီး ကိုယ်သင်းနံ့ လေးကလည်း မွေးပျံ့ နေ
တာ သူတကယ် ဒီကောင်လေးရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုသာ ကိုက်ပစ်လိုက်ချင်တော့တယ်။
နှစ်အတော်ကြာ သူမကြုံဖူးတဲ့ ခံစားချက်တွေက ဒီကောင်လေးနဲ့မှ ပုံပန်းသဏ္ဍာန်ကအစ
ဆံနွယ်လေးတွေအဆုံး သူနှစ်သက်နေတော့တာဘဲ ။
သူ Cheng Yang ရဲ့ကျောလေးကို
မှီလိုက်တယ်။

Cheng Yang ကတော့ တဖက်က သူ့ ကျောကို
မှီလိုက်တာကြောင့် စိတ်ကျဉ်းကျပ်သွားတယ်။ တဖက်လူရဲ့ ရင်အုပ်က တောင့်ပြီး ကျယ်ပြန့်တယ်။ ထို့အပြင် သူတို့နှစ်ယောက်က ကပ်ရပ်ရှိနေတာမို့  ထိုလူ့ ကိုယ်အပူချိန်တွေက သူ့ ကိုယ်ထဲ စီးဆင်းလာသလိုတောင် ခံစားနေရတယ်။

She Yan က ကဒ်ဝေတဲ့သူရဲ့ လက်ထဲက ကဒ်တွေကို Cheng Yangဆီထိုးပေးလိုက်တယ်။
Cheng Yang အနောက်ကိုလှည့်ကြည့်
လိုက်တော့ မျက်နှာချောချောက တည်ငြိမ်ပြီး
ဘာအမူအရာမှ ရှိမေနဘူး။
ဒါပေမဲ့ သူကို အသားစားသတ္တဝါတစ်ကောင်ရဲ့
အကြည့်တွေနဲ့ကြည့်နေပြီး သူကတော့ ခေါင်းလေးကိုအတင်းဖွက်နေတဲ့ကြောင်တောင်တောင် ယုန်ကလေးနဲ့တူနေတယ်။
ဒါပေမဲ့ သူ့ ကိုယ်သူ ယုန်နဲ့နှိုင်းလို့ မရဘူး။
ယုန်ကလေးတွေက အသားမစားဘူး။
သူကအသားစားတယ်လေ။

His son has a richest billionaires dad(Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang