🍒 7 🍒

3.4K 331 14
                                    

❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 7 🍒

ကျောင်းကန်တင်းအတွင်းမှ ရိပေါ်ထွက်လာခဲ့ပြီး ရင်ထဲတွင် ဟာတာတာလို.. ဘာဖြစ်ချင်မှန်းမသိ မြင်မြင်သမျှပိတ်ကန်ရင်းသာ...ခြေဦးတည့်ရာသွားနေမိသည်...

: ကောင်လေးကချစ်စရာလေးပါ...ဒါပေမယ့်ငါသူ့ကိုမချစ်ပါဘူး...ဘာလို့ချစ်ရမှာလည်း... ဒါပေမယ့် ဖန်ရှင်းနဲ့တွဲမြင်နေရတာ..ကျစ်..ဘာကြီးလဲကွာ..:

ခြေဦးထိပ်ရောက်လာသော ခဲလုံးနှင့် အချိုရည်ဘူးခွံပေါင်းစုံလည်း ရိပေါ်ဖိနပ်ထိပ်ဖျားတွင် လွင့်စင်နေရသည်...

ထိုနောက် gameဆိုင်တွင်သာ တစ်နေကုန်ကာ...ညနေစောင်းကျောင်းဆင်းချိန်မှ အိမ်ပြန်လာခဲ့တော့သည်...
................................
💭💭💭💭💭💭💭💭💭💭

"ကိုကို...ကျန့်လေးကိုချစ်လား..."

"ချစ်တာပေါ့...ကိုကိုအချစ်ဆုံးက ကျန့်လေးပဲ..."

"ဟိဟိ...အာ့ဆိုလာ ဖက်ထားပေး..."

"အင်း..."

"ဟိဟိ ပြွတ်..."

"ဟာ...နမ်းတယ်ပေါ့...လာထားကောင်ကလေး...ပြွတ်..."

"ဟိဟိ..."
.........အင်း........

!အာ..အိပ်မက်မက်နေတာပဲ..!

ရိပေါ်အိပ်နေရင်း အိပ်မက်မက်နေခြင်းဖြစ်သည်..မက်မယ့်မက်တော့လည်း တစ်နေကုန်စွဲလမ်းနေမိသော နှုတ်ခမ်းလေး၏ အထိအတွေ့လေးဖြင့်...

: ဟင်...ငါ့နှုတ်ခမ်းတွေက ခုထိနွေးနေတာလား...အင်..အိပ်မက်ကြီးကလည်း..:

တစ်ရေးနိုးမို့ အိမ်သာသွားလိုက်ရင်း ရေချိုးခန်းမှန်မှ သူ့မျက်နှာကိုကြည့်မိတော့...

!အားးးးးမျက်နှာတွေရဲနေပါလား... ဟိုအိပ်မက်ကြောင့်ထင်တယ်...ဟူးးး!
ကိုယ့်ဘာသာရှက်ပြုံးပြုံးလိုက်ရင်း...
!ကလေးပေါက်လေး ဟိဟိ...အာ...ဟုတ်သေးပါဘူး သူကဖန်ရှင်းနဲ့..!
ဖန်ရှင်းနဲ့ဟူသော အတွေးကပင် ရိပေါ်ကို လွန်စွာနှိပ်စက်နိုင်သည်မို့... ဆက်၍အိပ်မရပဲ မိုးလင်းရတော့သည်...

❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed)  (Season 1-2)Where stories live. Discover now