Episode-27

993 127 32
                                    

ZAWGYI

If no one cares, remember me ~~~
Your tired can't ever bother me ~~~
Cause I... Already know ~~~
That your day wasn't easy, so you can release if the breath no one heard ~~~
Don't think of anything else right now
Breathe the air surrounding you ~~~
Take a breath and let it go ~~~
Whatever you gone through ~~~
Whoever you long for ~~~
No, I don't know you ~~~
But I see how you feel and I know~~~
I'm here to hold you ~~~
So let me be the one who can
comfort you ~~~
I'm here with you take a breath and
let it go ~~~
Just now I believe in you ~~~
.
.
.
.
.
အမှန်အတိုင်းဝန်ခံရလျှင်မနေ့ညကမက်ခဲ့သောအိပ်မက်သည် Jungkookအား ယခုထက်ထိတိုင်ပင်ခြောက်လှန့်၍နေစဲ။လက်တွေ့ဆန်လှသော ခံစားသက်ဝင်မှုများက အရာအားလုံး အမှန်တကယ် ဖြစ်ခဲ့သည့်အတိုင်း။ ထို့ကြောင့်လည်း ယခုထိ သူစိတ်လှုပ်ရှားနေစဲဖြစ်မည်ထင်၏။အကယ်၍ အကယ်၍သာ အိပ်မက်ထဲမှအတိုင်းhyungငယ်က သူ့ကိုထားသွားခဲ့လျှင် ဟူသောအတွေးဆိုးတို့သည် စက္ကန့်နှင့်အမျှ စိုးမိုးနေပါလျက်။ထိုအတိုင်းသာဖြစ်ခဲ့ပါက သူတကယ်ရူးသွားလောက်ပါသည်။ ဤ့အပြင် အမည်မသိလူသတ်ကောင်က သူတို့အကုန်လုံး၏ ဇာတ်သိမ်းခန်းအား သူ့စိတ်တိုင်းကျ ရေးဆွဲသွားခဲ့ပါလျှင်...။
ဟင့်အင်း၊ မဖြစ်နိုင်ပါလေ။ အိပ်မက်ဆိုသည်ကား မသိစိတ်မှ ဖန်တီးထားသည့် ပုံရိပ်ယောင်တို့သာ။ ထို့ပြင် မကောင်းသော အိပ်မက်အား ပြောင်းပြန်ယူ၍ ရသည်ဟုလည်း လူကြီးများက ပြောကြသေးသည် မဟုတ်ပါလား။ သို့သော် အချို့လူတို့ကမူ အိပ်မက်ဆိုသည်က အနာဂတ်ကာလ၏ရှေးပြေးနိမိတ်လည်း
ဖြစ်နိုင်သည်တဲ့....။

"မင်း ညကအိပ်မပျော်ဘူးလား Jungkook"

Jungkookတစ်ယောက် မည်မျှအတွေးလွန်နေခဲ့လဲမသိ။ Taehyungကပင် မေးယူရသည်အထိ။ ဖိုင်တွဲတစ်ခုအား
စားပွဲပေါ်တွင်ချထားလျက် လက်ညှိုးနှင့် လက်ခယ်ကြားထဲ၌ ဘောပင်ညှပ်ကာလှည့်နေသူJungkookသည် စိတ်နှင့်လူ မကပ်ဘဲ တစ်နေရာသို့ငေးမောကာ တစ်စုံတစ်ရာတွေးနေပုံ။
ထို့ကြောင့် မြင်နေရသူTaehyungက သူ့ဝတ္တရားနှင့်အညီ
မေးခွန်းထုတ်ရပါတော့သည်လေ။ ညက အိပ်ရေးပျက်ခဲ့၍များ
ယခုလို အူကြောင်ကြောင်ပုံစံဖြစ်နေခြင်းလားဆိုသည်ကိုပေါ့။

"ဘာဖြစ်လို့လဲ hyung"

"ဘာဖြစ်ရမှာလဲ။ မင်းရဲ့မျက်နှာက ဒီလောက်တောင်
အားမရှိတဲ့ပုံ ပေါ်နေတာကို၊ နေရော ကောင်းရဲ့လား။
ဒဏ်ရာကရော သက်သာလား"

Fate (Or) Fake? (Completed)Where stories live. Discover now