ကလင် ကလင် ကလင်....(ကျောင်းခေါင်းလောင်သံ)
ကျောင်းသားတွေစာမေးပွဲပီးလို့အခန်းထဲမှတယောက်တပေါက်နဲ့ထွက်လာကြတယ်
"ဇွဲ ဖြေနိုင်လား"
"မဆိုးပါဘူး မင်းရော"
"အင်း ငါလည်းဖြေနိုင်ပါတယ်"
ပြောပီးဇွဲနဲ့သူရကျောင်းအပြင်ဘက်ကိုလျှောက်လာကြသည်"ခ ဖြေနိုင်လား"
"အင်း" တလုံးထက်ပိုမပြောသောခ
ခ နဲ့ သူ့သူငယ်ချင်းနှစ်ယောက်လည်းစကားပြောရင်းကျောင်းအပြင်ကိုထွက်လာကြသည်
"ဟိုမှာ သူရတို့ လာသွားမယ်" သူရကိုတွေ့လိုက်သောခသည်ကျေနပ်သွားသောမျက်နှာနှင့်သူရဆီလာဖို့ပြင်လိုက်စဥ်
"သူရဖြေနိုင်လား"
မေးလိုက်သူက မြတ်နိုး
"အော် မြတ်နိုး အင်း ဖြေနိုင်ပါတယ် မြတ်နိုးရောဖြေနိုင်လား"
"ဒီလိုပါပဲ ဖြေတော့ဖြေလာတာပဲ ဟီးဟီး...." သူရနဲ့မြတ်နိုးရယ်မောပီးစကားပြောနေကြတာမြင်တော့
ခ တယောက်သူရဆီမြန်မြန်လျှောက်လာပီး
"သူရပြန်မယ် ဘာလုပ်နေတာလဲ"
ခ သူရကိုပြောလိုက်တော့မြတ်နိုးက ခကိုသေချာကြည့်နေတယ် ခကလည်းစိတ်တိုနေတဲ့ပုံနဲ့သေချာပြန်ပီးစိုက်ကြည့်ပေးလိုက်တော့မှ မြတ်နိုးတယောက်မသိချင်ယောင်ဆောင်ပီးမျက်နှာလွှဲသွားလိုက်သည်
"အင်း ခ သွားမယ်လေ"
"အဲ့တာဆိုမြတ်နိုးလည်းသွားလိုက်ဦးမယ်နော်"
"အင်း အင်း....သေချာပြန်နော်" သူရရဲ့မြတ်နိုးအပေါ်ဂရုစိုက်တဲ့ပုံကြောင့်ခပိုပီးဒေါသထွက်သွားရသည် ခ သူရအပေါ်ဘယ်လိုစိတ်မျိုးရှိမှန်းခကိုယ်တိုင်မသိ ဒါပေမဲ့သေချာတာတော့သူရကိုတခြားကောင်မလေးတွေနဲ့တွဲပီးတွေ့ရတာကို ခ သဘောမကျဘူး သူကလွဲပီးတခြားသူတွေနဲ့စကားအကြာကြီးပြောရင်မကြိုက်ဘူး"အင်း တာ့တာ သူရ နောက်နှစ်ပြန်တွေ့မယ်နော်"
မြတ်နိုးတယောက်သူရကိုလက်ပြပီးပြန်သွားပေမဲ့သူရကမြတ်နိုးကိုဆက်ပီးကြည့်နေသေးတာမို့ခတယောက်တော်တော်စိတ်တိုလာသည်
"သူရ" ခစိတ်တိုတိုနဲ့အသံကျယ်ကြီးအော်လိုက်တော့မှ သူရ ခကိုကြည့်ပီး
" ခ ဘာဖြစ်လို့လဲ "
"မင်းဒီနေ့အိမ်ပြန်ဖြစ်မှာလား မင်းလိုက်ချင်လည်းလိုက် မလိုက်ချင်နေခဲ့တော့ ငါပြန်တော့မယ် " ခ သူရကိုစိတ်တိုတိုနဲ့ပြောပီးကားရှိရာကိုထွက်လာလိုက်တယ်
YOU ARE READING
ကျွန်တော်ချစ်သောမောင့်ကမ္ဘာ
Romanceရွေးချယ်စရာတွေများတဲ့ကမ္ဘာကြီးထဲမှာပိုကောင်းတဲ့အရာတွေရှိနေခဲ့ရင် တောင်မောင့်ကိုပဲအမြဲရွေးမယ်