အပိုင်း 10

2.5K 136 0
                                    

ညနေ6:30
"သီဟတို့မရောက်သေးဘူးလားမသိဘူးမသိဘူး ဒီကောင်တွေကြာလိုက်တာ ကားမမှီလို့ကတော့ထားခဲ့မယ်"
ခ တယောက်ပွစိပွစိလုပ်နေတုန်း
" ခ မင်းတို့ရောက်နေတာကြာပီလား "
အနားရောက်မှလမ်းခေါ်လိုက်သော ပိုင်ဇေနဲ့သီဟ
"မင်း တို့ရောက်လာသေးတယ်နော် "
"မင်းကလည်းက အစောကြီးရှိသေးတယ် "
"စောနေသေးရင်နောက်နေ့မှပဲလာပါလား" ခရွဲ့ပြောလိုက်တော့သီဟတို့က
"အေးပါကွာ အခုရောက်နေပီကို လာသွားမယ်တက်ကြမယ်"
"မင်းတို့အရင်သွားနှင့်ကြ ငါလိုက်ခဲ့မယ်"
သူရရယ် ပိုင်ဇေရယ် သီဟရယ် အထုပ်တွေယူပီးသုံးယောက်သား ကားပေါ်တက်လာကြသည်
.....
"လက်မှတ်လေးတချက်ပြပေးနော်...
ဟုတ်ကဲ့ 13 14 နဲ့ 17 18 နော် ၄တန်းမြောက်ခုံကရှေ့နောက်ပဲ"
ကားသမားပြောပီးလက်မှတ်ပြန်ပေးလိုက်တယ် သူရခုံကိုရှာတွေ့တာနဲ့သူရကဘေးဘက်မှန်ရှိတဲ့အခြမ်းဘက်မှာဝင်လိုက်တယ်
သီဟနဲ့ပိုင်ဇေကတော့ "ငါဘေးမှာထိုင်မှာ မရဖူး ငါထိုင်မှာ ငါကခရီးသွားရင်ဘေးမှာပဲထိုင်နေကြ "
"ငါကလည်း ကားမူးတတ်တယ်ဘေးမှာပဲထိုင်မှာ "နှစ်ယောက်နေရာအပြိုင်လုနေတာကိုမြင်ပီးကားပေါ်ကလူတွေဝိုင်းကြည့်နေကြတယ် သူရလည်းနောက်ကသီဟတို့သံတွေကြားလို့လှည့်ကြည့်လိုက်တော့
"မင်းတို့တွေဘာတွေဖြစ်နေကြတာလဲ သူများတွေကြည့်နေပီရှက်စရာကြီး "
သူရပြောလိုက်တော့
"ငါဘေးမှာထိုင်ပါမယ်ဆိုသီဟပေါ့နေရာလာလုနေတယ်"
"ဟာ....ငါလည်းဘေးမှာပဲထိုင်မယ်လို့မင်းကိုပြောထားတာလေ "
နှစ်ယောက်သားဆက်ငြင်းနေကြသည်
"လာ...ငါဖယ်ပေးမယ် ဒီမှာတယောက်လာထိုင်လိုက် အော်မနေကြနဲ့တော့ သူများတွေနဲ့ကို " ပြောပီးသူရနေရာလဲပေးလိုက်တယ် အဲ့တော့မှအသံတိတ်သွားတော့တယ်"
ဆိုတော့သူရနဲ့ပိုင်ဇေကတခုံ သီဟနဲ့ခကတခုံလိုဖြစ်သွားတာပေါ့ ဒါပေမယ့်ခကတော့ခုထိကားပေါ်တက်မလာသေး
........
ခဏကြာတော့ခကားပေါ်လာတက်လာတော့သူရနဲ့ထိုင်နေတဲ့ပိုင်ဇေကိုလည်းတွေ့ရော ခေါင်းကိုတချက်ခေါက်လိုက်ပီး
" ဟိတ်ကောင်ထစမ်းမင်းကဘာလို့ဒီမှာလာထိုင်နေတာလဲ အနောက်သွားထိုင်ဒါငါ့နေရာ" ခ ပိုင်ဇေကိုတချက်အော်လိုက်တယ်

"ဟာ လာ ပြန်ပီနောက်တယောက်နေရာလာလုနေပြန်ပီ ဒီမှာသူရထိုင်ခိုင်းထားတာ အဲ့တော့မဖယ်ပေးနိုင်ဘူး" နောက်တကြိမ်ထပ်ပီး ကားပေါ်မှာနေရာပြသနာတက်ပြန်ပါပီ
"နေကြပါဦး မင်းတို့သုံးယောက်ဘာဖြစ်နေကြတာလဲ နေရာ တွေ အား လုံး တူတူ ပဲ ဘယ်မှာပဲထိုင်ထိုင်ငပလီရောက်မှာနော် ဟိုဘက်မှာထိုင်လို့ငပလီ ဒီဘက်မှာထိုင်လို့ချောင်းသာမရောက်ဖူး"
ခ တို့သုံးယောက်ရဲ့နေရာပြသနာကို သူရတယောက်တော်တော်ဖြေရှင်းလိုက်ရသည် ဘေးမှာရှိတဲ့လူတွေကတော့ သူရတို့အဖွဲ့ကိုထင်မှာပဲတော်တော်နားလည်မှုမရှိတဲ့ဟာလေးဆိုပီး
နောက်ဆုံး တော့ ရှေ့နှစ်ခုံမှာ သူရနဲ့ ခ တို့တစ်တွဲ အနောက်ခုံမှာ ပိုင်ဇေနဲ့သီဟတို့အလှည့်ကျဘေးခုံမှာတယောက်တလှည့်ထိုင်ဖို့မနည်းညှိယူလိုက်ရတယ် အခုတော့ ခတယောက်အောင်နိုင်သူအပြုံးနဲ့ခဘေးမှာထိုင်ပီးအေးဆေးသီချင်းနားထောင်နေသည်
"သူရ ဗိုက်ဆာလား " ခ သူရကိုတချက်ကြည့်ပီးမေးလိုက််တယ်
"မဆာပါဘူး ရပါတယ်"
"ရော့ မုန့်စား"
"မင်းဘယ်တုန်းက၀ယ်ထားတာလဲ "ခ ခုနက သူရတို့နဲ့အတူကားပေါ်မတက်ပဲ တယောက်တည်းထွက်သွားတာ သူရအတွက်မုန့်တွေ၀ယ်နေလို့ပါ
"ရော့စားပါ မင်းအတွက်၀ယ်လာတာ" ခ တို့နှစ်ယောက်မုန့်အပေးအယူလုပ်နေတာကိုမြင်တော့
"ဟိတ်ကောင်ဘာတွေလဲငါတို့လည်းစားမယ်လေ ကျွေးဦး " သီဟ အနောက်ကနေလက်ကျော်ပီးမုန့်လှမ်းနှိုက်တော့ ခ လက်ကိုရိုက်ချလိုက်တယ်
"အာ့"
"စားချင်ကိုယ့်ဘာကို၀ယ်ထားပါလား သူမြားဟာလာမနှိုကျနဲ့၀ေး၀ေးသှား"
ခ ပြောလိုက်တော့သီဟလက်နောက်ပြန်ဆုတ်သွားရသည်
.......
တစ်ညလုံးကားစီးလာတာ မနက်၇နာရီလောက်ရောက်တော့
" ရှေ့ကျရင် သံတွဲမြို့ထဲကိုရောက်ပါပီခင်ဗျာ ကားပေါ်မှာရှိတဲ့ခရီးသည် မိတ်ဆွေအပေါင်းတို့ကိုယ့်ပစ္စည်းလေးတွေကိုသေချာစစ်ပီးမှကားပေါ်ကဆင်းပေးကြပါရန်မေတ္တာရပ်ခံပါတယ်"
ကားသမားက မိုက်နဲ့အော်တော့ကားပေါ်လူတွေနိုးလာကြသည်
ခတို့လည်းကားသမားအသံကြောင့်နိုးလာကြသည်
" ရောက်ပီလား ခ "
သီဟနောက်ကနေအိပ်ချင်မူးတူးနဲ့လှမ်းမေးလိုက််တယ်
"အိပ်ချင်မူးတူးနဲ့ဘာတွေပြောနေတာလဲ မရောက်သေးဘူး ရောက်တော့မှာ ပစ္စည်းတွေထည့်ပီးအဆင်သင့်လုပ်ထားတော့ ပိုင်ဇေကိုလည်းနှိုးလိုက်ဦး အိမ်နေတာများသူ့အိမ်မှာအိပ်နေတယ်များထင်နေလားမသိဘူးမနိုးတော့ဘူး"
ခတယောက်အနောက်ကနှစ်ယောက်ကိုဟောက်စားလုပ်ပီးရှေ့မှာသူလည်းသိမ်းစရာရှိတာတွေသိမ်းနေလိုက််တယ်
.........
ကားပေါ်ကဆင်းပီးဟိုတယ်ကိုသွားဖို့အတွက်သုံးဘီးတစီးငှားလိုက််တယ် မိနဈ၂၀လောကျစီးပီးနောျကမျးခွနေဲ့မနီးမ၀ေးလှမျးမွငျရတဲ့hotel တခုမှာတည်းဖို့၀င်မေးလိုက်တယ်
" အမ အခန်း လို ချင် လို့"
"ဟုတ်ကဲ့ မဂ်လာပါရှင့် ဘယ်လိုအခန်းလိုချင်ပါလဲ ဒီမှာတော့ ....%#&$&&$ "၀နျထမျးကာငျမလေးသခြောရှငျးပွပီး
" အဲ့ကွန်းနဲ့နှစ်ယောက်ခန်းနှစ်ခန်းယူမယ်နော် "

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now