One Short

1.4K 94 1
                                    

ခင်ဗျားတိုသိကြလား အမြင်အာရုံဆုံးရှုံးနေတဲ့ လူတစ်ယောက်ရဲ့ခံစားချက်ကို
သာမန်လူတစ်ယောက်လိုမဟုတ်ဘဲ အမြင်အာရုံချို့ယွင်းတဲ့သူတွေကို လူတွေသနားကြမှာပါ။ပြီးတော့ အမြင်အာရုံပျောက်ဆုံးသွားတဲ့လူအများစုဟာ စိတ်ဓာတ်ကျနေတတ်ကြပါတယ်။ကျွန်တော်ကတော့ အမြင်အာရုံချို့ယွင်းနေပေမဲ့ စိတ်ဓာတ်တော့မကျပါဘူး။
ကျွန်တော့နာမည် Park Jiminပါ။အသက်25နှစ်ဖြစ်ပြီး 18နှစ်မှာ accident တစ်ခုကြောင့် အမြင်အာရုံပျောက်ဆုံးသွားတာပါ။ ကုသလို့ရပေမဲ့ ကုသဖို့အတွက် မျက်ကြည့်လွှာအစားထို့ဖို့လိုပြီး မျက်ကြည်လွှာအလှူရှင် မရှိသေးလို့ ကုသလို့မရသေးတာပါ။
ကျွန်တော်က ဆွေမျိုးမရှိတော့ပါဘူး။ ဒါပေမဲ့လည်း Blind ဘဝကို ဖြတ်သန်းဖို့အတွက် ကျွန်တော်ရုန်းကန်ကြိုးစားနေတုန်းပါပဲ။

ကျောင်းတစ်ခုရဲ့အနောက်ဘက် ဂျောင်ကျကျနေရာတွင် ကျောင်းအဝတ်စားတချို့နဲ့မိုက်တိမိုက်ကန်းပုံစံဖြင့်  ကျောင်းသားအချို့စုရုံးနေကြသည်။
"မနေ့က မင်းတို့ဘက်ကလူတစ်ယောက် ငါ့လူကိုဝိုင်းရိုက်တယ်ဆို"
တစ်ဖက်အုပ်စုကပြောလိုက်သည့်စကားကို ကျန်အုပ်စုရဲ့ရှေ့ဆုံးမှာရပ်နေတဲ့သူက ပါးစောင်ကိုလျှာနဲ့ထိုးရင်း
"ဟုတ်တယ်ဆိုရင်ရော......."
အမှန်ပင် ကျောင်းဝတ်စုံဝတ်ထားသော်လည်း ခန္ဓာကိုယ်အရွယ်အစားရော   မျက်နှာ၏တည်ကြည်မှုကပါ  ကျောင်းသားတစ်ယောက်ရဲ့အပြုမူနဲ့ဆန့်ကျင့်ဖတ်ဖြစ်နေလေသည်။ထိုလူမှာ   မိဘများမရှိတော့ဘဲ  တစ်ကောင်ကြွက်ဖြစ်ကာ  ဘဝရေစုန်မျှောရင်း  လောကကြီးကို ကန့်လန့်တိုက်ကာနေထိုင်သော Jeon jungkookပင်ဖြစ်သည်။ကျောင်း၏လူဆိုးဟုပင် အမည်တွင်နေသောသူလည်းဖြစ်သည်။
"ဟုတ်တယ်ဆိုရင်   မင်းတို့ဘက်ကပြန်တောင်းပန်ပါ"
တစ်ဖတ်လူရဲ့ ပြောစကားကိုကြားလိုက်သည်နှင့် jungkookတစ်ယောက်အသက်မပါသောရီသံဖြင့်ဟားတိုက်ရီလိုက်သည်။ထို့နောက်
"ဟား.....ဟား....ဟား..ငါတို့ကတောင်းပန်ရမယ်
ခွေးစကားတွေပြောမနေနဲ့ဟျောင့်    မကျေနပ်ရင်ထိုးမလား  welcomeပဲနော်"
ဟုပြောလိုက်သည့်မျက်နှာမှာ တဖတ်လူ၏ဒေါသကိုစွပေးနေသလိုပင်။
Jungkookစကားကိုကြားသည်နှင့် တစ်ဖတ်လူမှာလည်းjungkook၏ uniformကော်လံကို ကိုင်ချုပ်ပြီး ထိုးဖို့ရွယ်စဥ်...
"ဟျောင့်တွေ....ရပ်လိုက်စမ်း"
ကျောင်းစောင့်ကြီးမှလှမ်းအော်လိုက်သည်။
ကျောင်းစောင့်အော်သံကိုကြားသည်နှင့်  ထိုးဖို့ရန်ရည်ရွယ်နေသော  ထိုကျောင်းသားများဟာလည်း  ပြေးထွက်ကုန်ကြလေသည်။
"Jeon Jungkook နောက်တွေ့ကြအုံးမှာပေါ့ကွာ"
ကျောင်းစောင့်လက်မှ လွတ်အောင်ပြေးနေရင်းပင် ကြုံးဝါးကာအော်ပြောလိုက်သော တဖတ်သူရဲ့စကားသံကြောင့်  jungkookတစ်ယောက်ခနဲ့ပြုံးဖြင့်
"Always welcome bitch"
ဟုအော်ပြောလိုက်ရင်း  middle fingerထောင်ပြကာကျောင်းပြင်သို့ခုန်ပြီး  ထွက်ပြေးလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Oct 30, 2020 ⏰

Add this story to your Library to get notified about new parts!

Bad boy fall in blind boy loveWhere stories live. Discover now