(Unicode)
နေ့လည်လောက်ကတည်းက လူကနေရထိုင်ရတာနုံးနေတယ်။ ထူးတော့လည်းမထူးဆန်း အမြဲဒီတိုက်ခန်းမှာဘဲ အိပ်လိုက်စားလိုက် အပြင်ထွက်တယ်ဆိုတာကလည်း ခပ်ရှားရှားကိုး။ ကျွန်တော်နေတဲ့တိုက်ခန်းက လေးလွှာမှာ အပေါ်ဆုံးအလွှာလို့လည်း ပြောလို့ရတယ်။ တကယ်တမ်း ကျွန်တော့်အိမ်ကသပ်သပ်ရှိပြီးသား Company အလုပ်တွေနဲ့လုံးပန်းနေရတာပင်ပန်းလွန်းလို့ ဒီလေးလွှာတိုက်ခန်းမှာလာနေတာ ဒီလနဲ့ဆို ရှစ်လရှိပြီး။ အလုပ်တွေကိုလည်း ဝမ်းကွဲတစ်ယောက်ဆီကိုဘဲ အပ်ထားလိုက်တယ်။
နောက် အခန်းဘေးဘက်ဝန်းကျင်ကိုဝဲကြည့်ရင်း ကျွန်တော်တစ်ချက်ရယ်မိတယ်။ အရင်အိမ်အကျယ်ကြီးမှာ အထီးကျန်နေတာထက်စာရင် အခုလို အနေတော်လောက်ရှိတဲ့ တိုက်ခန်းလေးကမှပိုအဆင်ပြေဦးမယ်လို့တွေးလိုက်ရင်းနဲ့ပေါ့။
နောက်စိတ်ပြေလက်ပျောက် အရှေ့ကဝရံတာခပ်ကျဥ်းကျဥ်းလေးဆီသွားလိုက်တယ်။ဝရံတာပေါ်လက်ထောက်ရင်း အပြင်ကိုငေးတော့ ရာသီဥတုကအုံမှိုင်းမှိုင်းလေး။ ကြည့်ရတာမိုးရွာတော့မယ်ထင်ရဲ့။ ကျွန်တော်နေတဲ့ရပ်ကွက်က လူသူတော့သိပ်မများဘူး ။ လမ်းတွေကလည်း အနည်းငယ်ကျဥ်းမြောင်းတယ်လို့ပြောရမယ်။ကားတစ်စီးဝင်နိုင်ရုံလောက်ပေါ့။ ညနေပိုင်းဆို လမ်းသွယ်တွေမှာလူသိပ်မရှိသလောက်ဘဲ။ဒါမယ့်ရပ်ကွက်ကသူ့ဟာနဲ့သူတော့သန့်သန့်ပြန့်ပြန့်လေးရှိတယ်။ ဘာဘဲဖြစ်ဖြစ် ဒီလိုတိတ်တိတ်ဆိတ်ဆိတ်လေးနေချင်လို့ဘဲ ဒီနေရာကိုကျွန်တော်ရွေးခဲ့တာလေ။
လမ်းသွယ်လေးတွေကိုကြည့်နေရင်း
ဆိုင်ကယ်လေးတစ်စီးဖြေးဖြေးလေးမောင်းလာတယ်။ အနောက်ကလည်းပစ္စည်းတစ်ချို့တင်ထားလို့။ နာရီကိုကြည့်လိုက်တော့ လေးနာရီ။
YOU ARE READING
ချာတိတ်(ခ်ာတိတ္)[M.Y.G×P.J.M]✔
Fanfiction//𝗢𝗻𝗲𝘀𝗵𝗼𝘁// 𝗧𝗼𝗽-𝗠𝗶𝗻 𝗬𝗼𝗼𝗻𝗴𝗶 𝗕𝗼𝘁𝘁𝗼𝗺-𝗣𝗮𝗿𝗸 𝗝𝗶𝗺𝗶𝗻