❤ ချစ်သူက စာဂျပိုး ❤
💚 ကျွန်တော်က လူဆိုး 💚
🍒 12 🍒"ကျွတ်ကျွတ်... ကျန့်လေးအိပ်အိပ်...အစ်ကိုခဏလေး အိမ်သာသွားမလို့...အိပ်အိပ်... "
"ဟင်း...အင်း..."
ရိပေါ်ထလာသည်နှင့်.. ဖန်ရှင်းမှ ရိပေါ်အား..လက်ဟန်ခြေဟန်ဖြင့် သူနဲ့လိုက်ခဲ့ရန်ခေါ်နေသဖြင့်...သူတို့နှစ်ယောက် ရှောင်းကျန့်အိပ်ခန်း၏ အပြင်ဘက်တွင် စကားပြောမိရသည်...
"မင်းပြောစမ်း ရိပေါ်...ဘာကိစ္စ ကျန့်ကျန့်က မင်းနဲ့အဲ့လောက်ရင်းနှီးနေတာလဲ.."
"ဖန်ရှင်း...ငါမင်းကိုရှင်းပြနေစရာ အကြောင်းရှိမနေဘူးလို့ ငါထင်တယ်...မင်းနဲ့ကျန့်ကျန့်က မင်းနဲ့ကျန့်ကျန့်ပဲ... အေးအဲ့လိုပဲ ငါနဲ့ ကျန့်ကျန့်က ငါနဲ့ကျန့်ကျန့်ပဲ..."
"မင်း စကားကိုလက်လွတ်စပယ်မပြောနဲ့ ကျန့်ကျန့်က ငါနဲ့ချစ်သူတွေ..အချိန်တန်ရင် ကျန့်ကျန့်က ငါနဲ့လက်ထပ်မယ့်သူ.."
ဖန်ရှင်းစကားအဆုံးမှာ ရိပေါ်အနည်းငယ် တွေသွားမိသည်...သို့သော်...
"ဟက်...မင်းဘက်က တစ်ဖက်သက် ဖိတ်စာတွေရိုက်နေတာမလား...ကျန့်ကျန့်ကကော မင်းကိုတကယ်ချစ်တယ်လို့ပြောဘူးလား..."
"ရိပေါ်... မင်း...မင်း...ဟင်..."
ရိပေါ်ရင်ဘက်မှ အက်ျီစအား...ဆွဲယူလိုက်စဥ်မှ ရိပေါ်ကိုယ်က ခြစ်ခြစ်တောက်ပူနေတာကို ဖန်ရှင်းသိရသဖြင့် အံ့သြရပြန်သည်...
"ဟင်...မင်း...မင်းဖျားနေတယ်.."
"အင်း..."
"ကျန့်ကျန့်ကလည်းဖျားနေတယ်...မင်းတို့ဘာတွေလဲ..."
ဖန်ရှင်းအံ့သြနေတုန်းပင်... ရှောင်းကျန့်အခန်းမှ လျှော်စရာအဝတ်များလာယူသော ဖေးဖေး နှင့် သားဖြစ်သူအခန်းဆီတတ်လာသော ကျန့်မား...
ဖေးဖေး.."သခင်မကြီး...ဒါ..သခင်လေးအက်ျီမဟုတ်ဘူးထင်တယ်...ပြီး.ပြီးတော့ သခင်လေးအက်ျီတွေ ရေစိုနေတာတွေရှိတယ်...သခင်လေးက ဘယ်တုန်းက မိုးမိတာလဲ...ရေချိုးခန်းထဲမှာဆော့ထားတာလားမသိဘူး.."
YOU ARE READING
❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 (Completed) (Season 1-2)
Fanfic❤ ချစ်သူက စာဂျပိုး ❤ 💚 ကျွန်တော်က လူဆိုး 💚 ရှောင်းမိသားစုရဲ့ တစ်ဦးတည်းသော သားလေး...အချစ်ခံလူသားလေး... ဖူးဖူးမှုတ်ကရုစိုက်မှုကြားမှာ ပျော်နေခဲ့ပါတယ်.. ဒါပေမယ့် ကျောင်းက Senior လူဆိုးကိုကို နဲ့တွေ့ကာမှ... အပြင်လောကရဲ့ လွတ်လပ်ပြီး ပျော်စရာအသစ်အဆန်းမ...