Unicode ✨
" ငါမင်းကို ဂရုမစိုက်တော့ဘူး မင်းလုပ်ချင်တာသာလုပ်"
ခပ်ကျယ်ကျယ်အသံနှင့်အတူ တံခါးကိုဝုန်းကနဲစောင့်ပိတ်ကာ ထွက်သွားတာကြောင့် မြင်နေကျ ကျောပြင်သေးသေးလေးတောင် မမြင်လိုက်ရ...
စက္ကန့်များစွာကြာသည့်အထိ ကြောင်အစွာထိုင်နေမိတုန်း...
ဘယ်ကဘယ်လိုစမှားခဲ့လည်းတောင်သူမသိတော့ဘူး။ ကျွန်တော်ဘာလုပ်လုပ် မျက်နှာတစ်ချက်မပျက် အပြုံးလေးနဲ့အမြဲ သူ့ကိုဘဲကြည့်နေတက်တဲ့ Hyungကလေ ပထမဆုံးအကြိမ်သူ့ကို အရမ်းစိတ်ဆိုးသွားတာ...Hyungရဲ့ ဂရုစိုက်မှုတွေကြားမှာ ကျွန်တော်က hyung အပေါ်ဆိုးတက်တဲ့လူဆိုးလေးတစ်ယောက်လိုဖြစ်နေခဲ့တာပါ...။
စက္ကန့်ကနေ မိနစ်တို့ကူးပြောင်းလာလေ တစ်ကိုယ်လုံး တုန်ရီလာလေဘဲ Hyungထားသွားမှာ ကျွန်တော်အရမ်းကြောက်နေမိပြီ hyungရယ်...
တုံ့ဆိုင်းနေတဲ့ခြေလှမ်းတို့ကိုခပ်မြန်မြန် အလုပ်ပေးမိပြီး studioထဲကထွက်လာလိုက်တယ်...။ မန်နေဂျာကအစ သန့်ရှင်းရေးဝန်ထမ်းအဆုံး Hyungကို တွေ့မိလားလိုက်မေးမိတယ်။
ဘယ်သူဖြေလိုက်မှန်းမသိတဲ့ Jimin အပြင်ထွက်သွားတယ်ဆိုတဲ့စကားတစ်ခွန်းကြောင့်
သည်းသည်းမဲမဲကျနေတဲ့ မိုးရေထဲကိုပြေးထွက်လာမိတယ် အနောက်ကအော်ခေါ်သံတွေကို လျစ်လှူရှု့ပြီးတော့ပေါ့...မိုးရေထဲမှာဘဲ တွေ့သမျှလမ်းတွေထဲ ဝင်ပြီး တစ်လမ်းဝင်တစ်လမ်းထွက် လိုက်ရှာခဲ့ပေမယ့် Hyungရဲ့ အရိပ်အယောင်လေးတောင်မမြင်ခဲ့ရဘူး...။
ရင်ဘက်ထဲတင်းကျပ်လာပြီး မျက်ခမ်းစပ်လေးတွေထူပူလာခဲ့တယ်။ ဒီအချိန်မှာ Hyungမျက်နှာလေးကို မတွေ့ရရင် သူတကယ်သေသွားနိုင်တယ်။
ပြန်လည်ဖြေဆိုမှုမရှိတဲ့ဖုန်းလေးကို ဆက်တိုက်ခေါ်နေမိတုန်း ကြားလိုက်ရသော အသံလေးကြောင့် ထိန်းထားတဲ့မျက်ရည်တွေ တာကျိုးသလိုစီးကျလာခဲ့တယ်...။
" မင်းကို ဖုန်းမခေါ်ဖို့ ပြောထားတယ်လေ "
Hyung ရဲ့ အေးစက်စက် အသံလေးက မိုးတွေနဲ့ အတူ သူ့ရင်ကိုရိုက်ခက်လာတော့ Hyungကို ဆုံးရှုံးရတော့မှာလားဆိုတဲ့အတွေးလေးကဝင်လာခဲ့တော့တယ်...
YOU ARE READING
✨ My Little Creations ✨
FanfictionKooKooနဲ့ MinMinလေးတို့ရဲ့one shotလေးတွေရေးချင်လို့ရယ် 😁 ဒါလေးက အရင်အကောင့်တစ်ခုမှာတင်ဖူးတာ အခုဒီမှာဘဲ ပြန်တင်လိုက်တော့မလို့...