အခန်း ၅၈

378 71 0
                                    

Lucius က ပျော်စရာတွေကို နှစ်သက်တယ်. သူက ပါတီပွဲတွေတက်ရတာ သဘောကျတယ်. သူက အရက်သောက်ရတာ, စားရတာ နဲ့ ကစားပွဲတွေကို သဘောကျတယ်

ပြီးတော့ အားလုံးထဲမှာမှ Acreian ဧကရာဇ်က ကရတာကို သဘောကျသည်. သူက စွဲလမ်းရူးသွပ်နေတာမျိုးတော့ မဟုတ်ပေမဲ့ သူ့လက်မောင်းတွေထဲမှာ အမျိုးသမီးတစ်ယောက်ကို ပွေ့ဖက်ထားပြီးတော့ သာယာငြိမ့်ညောင်းတဲ့ သီချင်းသံစဉ်တွေနဲ့ စီးမျောကာ ကနေရတာကို သဘောကျသည်.

ဒါပေမဲ့ အခု သူကဖို့ မတ်တပ်ရပ်လိုက်ရင် သူက ယဉ်ကျေးမှုအရ Bikpa မင်းသမီးနဲ့ ကရမှာပဲဖြစ်သည်. တကယ်လို့ သူကလိုက်ရင် ဒီနေ့ညမကုန်ခင်မှာပဲ သူမကို လက်ထပ်ယူဖို့ ဖိအားပေးခံရနိုင်သည် သူမက ဒီတိုင်းပြည်ရဲ့တော်ဝင်မျိုးနွယ်ကဖြစ်ပြီး မင်းသမီးကလဲ အလိုရှိနေပုံရတာကြောင့် ဒါကဖြစ်နိုင်သည်.သေးငယ်တဲ့ တိုင်းပြည်ဖြစ်နေပေမဲ့ သူမမျိုးနွယ်ကတော့ မြင့်မြတ်နေဆဲဖြစ်သည်

Lucius ရဲ့ရည်မှန်းချက်က ကြီးမားတယ်. ပြီးတော့ သူက လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးဘူး

ပြီးတော့ Bikpa မင်းသမီးက သူသဘောကျတဲ့ပုံစံမျိုးမဟုတ်ဘူး. သူမမှာ စူးစမ်းချင်စိတ်အပြည့်ရှိတဲ့ မျက်ဝန်းတွေနဲ့ အပြစ်ကင်းတဲ့အပြုံးတွေရှိပေမဲ့ သူမက မဟုတ်သေးဘူး

တကယ်လို့ သူက အဆင့်အတန်းနိမ့်တဲ့ တခြားအမျိုးသမီးတစ်ယောက်ကို ကဖို့ရွေးချယ်လိုက်ရင်လဲ အခန်းထဲက အမျိုးသမီးတိုင်းက သူမထက် အဆင့်အတန်းနိမ့်သည်.  အဲ့တာက ရိုင်းပြတဲ့အပြုအမူဖြစ်ပြီး မင်းသမီးကို စော်ကားသလိုတောင်ဖြစ်သွားနိုင်သည်.. ပြီးတော့ ဘယ်သူနဲ့ပဲ က က အဲ့အမျိုးသမီးက ဒီနေ့ညမှာ သူ့အခန်းကို အင်္ကျီမပါပဲ ရောက်ချလာနိုင်သေးသည်


'အမ်... ငါ့အခန်းကို အင်္ကျီမဝတ်ထားတဲ့အမျိုးသမီးတွေလာမှာကို မကြိုက်တာတော့ မဟုတ်ပါဘူး..'

တခြားတိုင်းပြည်တစ်ခုမှာသာ သူ့ကို လက်ဆောင်အနေနဲ့ ကမ်းလှမ်းလာရင်တော့ သူက လက်ခံမှာပဲဖြစ်သည်. ပြီးတော့ စစ်ပွဲအတ္ငင်း ဒီလိုဆင်တူရိုးမှားကိစ္စတွေလဲဖြစ်ဖူးပြီး သူ့အနေနဲ့ တစ်ခါမှ ငြင်းဆန်ခဲ့ခြင်းမရှိချေ. ဒါပေမဲ့ Yapa ရဲတိုက်မှာတော့ သူ့အနေနဲ့ အဲ့လိုမလုပ်ချင်ပေ. သူက စိတ်မသက်မသာဖြစ်နေတယ်လို့ ခံစားလိုက်ရသည်

Emperor and the Knightness (Unicode) Book - 1Where stories live. Discover now