My soulmate. [2]

522 54 6
                                    

"ဟေ့ကောင် လမ်းကိုဘယ်လိုလျှောက်နေတာလဲကွ.."ဝမ်ချောင်ခေါ်ရာ စာကြည့်တိုက်ကို သွားနေတုန်း ကောင်လေးတစ်ယောက်က ဝမ့်ချောင့်ပခုံးကိုမတော်တဆ တိုက်မိတာကြောင့် အပြစ်တင်စကားဆိုနေခြင်း..

"မတော်တဆပါဗျာ..ကျောင်းသားရေးရာဋ္ဌာန ဘယ်နားမှာလဲမသိလို့..ရှာကြည့်နေရင်း..တိုက်မိသွားတာ."ကောင်လေးက မှန်ကြောင်စာဂျပိုး ပုံစံလေး..ရိုးရိုးအေးအေးနေတတ်တဲ့ကလေးကိုဝမ်ချောင်အနိုင်ကျင့်မှာစိုးတာကြောင့်..

"ဒီလမ်းအတိုင်းတည့်တည့် လျှောက်သွားပြီးရင်ညာဘက်ကွေ့လိုက်ညီ.."ကောင်လေးက ဝမ်ချောင့်ကိုတောင်းပန်စကားဆိုကာ ကျောင်းသားရေးရာဌာနဘက်သို့အပြေးထွက်သွားတော့တယ်..

"မင်း ဒါ ဘာအချိုးချိုးတာလဲ ရှောင်ကျန့်..
ငါပြောလို့မပြီးသေးခင် မင်းက ဘယ်လိုအဆင့်အတန်းမျိုးနဲ့များ ငါ့ကိုကျော်ပြီး သူ့ကိုလွတ်လပ်ခွင့်ပေးလိုက်တာလဲ.."

"ငါက ကူညီပေးလိုက်တာလေကွာ..
ပထမနှစ်ကလေးဆိုတော့ ဘာမှမသိသေးတဲ့အချိန်ခွင့်လွှတ်ပေးလိုက်ပါ.."

"အေး သူ့ကိုတော့ခွင့်လွှတ်ပေးမယ်..
မင်းကိုတော့ခွင့်မလွှတ်နိုင်ဘူး..
ဒီနေ့မင်းစားမဲ့နေ့လည်စာ ခွေးစာကျွေးခံရမယ်သာမှတ်..."

ဒီလိုပါပဲ ရှောင်ကျန့်ရဲ့နေ့ရက်တွေဟာ ဝမ်ချောင်အနိုင်ကျင့်သမျှခေါင်းငုံ့ခံပြီးဖြတ်သန်းခဲ့ရတယ်..

"ရှောင်ကျန့်..."ထုံးစံအတိုင်း ဝမ်ချောင်ချန်ခဲ့တဲ့နေရာကနေကျောင်းကိုခြေလျင်လျှောက်နေတုန်းနောက်ကခေါ်သံလေးကြားလိုက်တာကြောင့် လှည့်ကြည့်မိတော့ဟိုနေ့က သူကူညီပေးခဲ့တဲ့ကောင်လေးက ဆိုင်ကယ်ပေါ်ကနေသူ့ကိုနှုတ်ဆက်နေလေရဲ့..
တစ်ကြိမ်ထဲတွေဖူးတဲ့အပြင် တွေ့တဲ့အချိန်က 5 မိနစ်တောင်မကြာလိုက်တာကို
ဘာလို့မှတ်မိနေလဲမမေးနဲ့...
ကောင်လေးပုံစံ ကထူးခြားတာကတစ်ကြောင်း..
ကျောင်းမှာ ရှောင်ကျန့်ကူညီပေးခဲ့ဖူးတဲ့လူက ဒီကောင်လေးတစ်ယောက်ပဲရှိလို့မှတ်မိနေတာ...

"သြော် ဟိုကောင်လေးပဲ..."သူကကောင်လေးလို့နှုတ်ဆက်တာကို ကိုယ်တော်ချောက ပြုံးနေလေရဲ့..

My Soulmate. Where stories live. Discover now