" အချစ်ကလေး.. "
မနက်စောစောစီးစီး ဂျူတီလဲပေးဖို့ အိပ်ယာထလာခဲ့တဲ့ ဒေါက်တာလေးဂျွန်မြောင်က စစ်ဆေးခန်းရဲ့ အနောက်ဘက်နားက ရေတိုင်ကီအနားမှာ သွားတိုက်တံလေးကိုင်ရင်း အားရပါးရ ငုတ်တုတ်ထိုင်ငိုက်နေတာဖြစ်တယ်၊
ရေတိုင်ကီကနေ ရေခံထားပြီးမှ ခေါင်းလေးစောင်းလို့ အိပ်ပျော်နေတဲ့ အသည်းလေးကို မြင်တဲ့ ဗိုလ်ကြီးရီရှင်းက ခြေသံလုံလုံနဲ့ အနားကပ်လာပြီး၊ ဂျွန်မြောင့်မျက်နှာကို ရေစက်လေးတွေနဲ့ တောက်ရင်း စနောက်တယ်၊ အေးနေတဲ့ အထိအတွေ့ကြောင့် အိပ်ချင်မူးတူးနိုးလာတဲ့ ကောင်လေးက သူ့ရှေ့မှာ မားမားကြီးရပ်နေတဲ့ ကျန်းရီရှင်းကို မြင်မြင်ချင်း လန့်ပြီး ထရပ်တော့တာပဲ၊
" ရှင်း.. ဘာလို့ အစောကြီး.. "
" အိပ်ချင်ပြေသွားပြီလား.. "
" ဟမ်.. အွန်း.. "
ချော်လဲတော့မလို ယိုင်သွားတဲ့ ပုခုံးလေးကို လှမ်းထိန်းပေးလိုက်တဲ့ ရီရှင်းက အိပ်ရာထကာစမို့ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ဂျွန်မြောင့်ဆံပင်လေးတွေကို သေချာဖိသပ်ပေးရင်း ချိုချိုသာသာ မေးတယ်၊ အူလည်လည်ရုပ်လေးနဲ့ ခေါင်းငြိမ့်ပြတဲ့ ဆရာဝန်လေးက ခုထိ အိပ်မှုန်စုန်မွှားလေးဖြစ်နေဆဲမို့ ရီရှင်းက သဘောတကျ ပြုံးတယ်၊
"ကိုယ်.. ဒီနေ့ Final Physical Test ရှိတယ်၊
ပြန်လာတာ နည်းနည်းနောက်ကျချင်ကျမှာမို့ ဂျွန့်ကို ကြိုအသိပေးတာ.. "" physical test..? ဒါပေမဲ့ ဒဏ်ရာရထားတာက.."
"ကိုယ် သက်သာပါတယ်၊ ဆေးလည်းထပ်ထည့်ထားတယ်..၊ ပြန်ရောက်ရင် ဂျွန့်ဆီ လာခဲ့မယ်လေ.. ဆေးထည့်ဖို့ "
" ဟုတ်ကဲ့ခင်ဗျ.. "
ယဉ်ကျေးစွာ တုံ့ပြန်တဲ့ ဂျွန်မြောင်က လက်ထဲက သွားတိုက်တံလေးကို ပစ်ပဲချလိုက်ရမလိုလို၊ ဆက်ပဲကိုင်ထားရမလိုလိုနဲ့ ဗျာများနေတယ်၊ ခုချိန်ထိ သူ သွားမတိုက်ရသေးတာကို ရှင်းက ရိပ်မိသွားပြီလား၊ စကားပြောလိုက်ရင် အနံ့တစ်မျိုးများထွက်နေမလား.. ၊ တစ်ယောက်တည်း တိုင်ပတ်နေရင်း ရီရှင်းပြောတဲ့ စကားတွေကိုလည်း သိပ်အာရုံမရောက်တော့...၊
YOU ARE READING
" ပန်းလေးတစ်ပွင့် ဖြစ်ခဲ့သည်" [ Zaw × Uni ]
Fanfiction[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်...