Part-21

32.3K 2.9K 178
                                    

(Zawgyi)🍀🍀🍀🍀

Part-21
(ကိုယ်​..ချစ်​​သော clover..!!..)

"ငါ့အပိုင်​ကို မထိနဲ့..!.."

အေးစက်​​နေ​သော အသံနှင့်​အတူ ​ရောက်​လာ
သော သစ်​မိုးအိမ်​..။ ဒီ​ရေလှိုင်း၏ လက်​တစ်​ဖက်​ကို
ဆုပ်​ကိုင်​ထားသည်​က ကျိုး​ကျေမတတ်​...။

ဒီ​ရေလှိုင်းကို တစ်​ချက်​ကြည့်​ကာ ပြန်​လွှတ်​​ပေး
ချိန်​တွင်​ သိသာ​သောနာကျင်​မှု​ကြောင့်​ မျက်​နှာ
အမူအရာပင်​ ပျက်​ယွင်းသွားရသည်​..။ လက်​ကို..
ပြန်​ဖိကိုင်​ရင်း သစ်​မိုးအိမ်​ကိုကြည့်​လိုက်​​တော့...
ပါး​ဖောင်း​ဖောင်းနှင့်​ အ​သေး​ကောင်​​လေးကိုစိုးရိမ်
တကြီးဖြင့်​ ထိခိုက်​မှုရှိမရှိစစ်​​ဆေးကာ လန့်​သွား
သေးလားဟု​မေး​နေသည်​...။

ဒီ​ရေလှိုင်း စိတ်​ရှုပ်​​ထွေးလာရသည်​။ ဒီ​ရေလှိုင်း
လုပ်​မိသည်​က 'မင်း'နှင့်​'ငါ' ဆို​သောစကား​ကို
ပြောမိခြင်းနှင့်​ မိမိကို​ကြောက်​​နေသည်​ထင်​​သော
ကြောင့်​ နှစ်​သိမ့်​ရန်​ ကြိုးစားမိခြင်း။ ဒါကလည်း
ပိုက်​ဆံ ၁၀၀ ပြန်​​ပေးမလို့​လေ။ ဘာကမှားယွင်း
နေလို့လဲ...။

"ဒီ​ရေလှိုင်း ဘာဖြစ်​​နေတာလဲ.."

မုန့်​​ဈေးတန်းထဲမှ မုန့်​ဝယ်​ပြီးပြန်​လာ​သော
လင်း​နေက အ​ကြောင်းအရင်းကိုမသိ​သော
ကြောင့်​​မေးလာသည်​..။

ဒီ​ရေလှိုင်း လင်း​နေကိုကြည့်​လာ​သော်​လည်း
ဘာမှ​တော့မ​ပြော။ သူကိုယ်​​တိုင်​​တောင်​ ဘာက
ပြသနာမှန်းမသိ​သေး​ပေ။ ဒီ​ရေလှိုင်း၏ အပြုအမူ
ကို အသားကျ​နေ​သော လင်း​နေက ထပ်​​မေးခြင်း
မပြုဘဲ သူ့ဘာသာအ​ခြေအ​နေကို အကဲခတ်​​နေ
သည်​။ က​လေး​လေး တိမ်​ငယ်​ကို​တွေ့​သော
ကြောင့်​ ပြုံးပြလိုက်​သည်​။ တိမ်​ငယ်​က​တော့..
မျက်​လုံးပြူး​လေးဖြင့်​သာ ကြည့်​လာသည်​...။

"ကိုကို ရွက်​စိမ်း​လေးက ဘာမှမဖြစ်​ပါဘူး.."

"clover ကိုကို လာ​ခေါ်မယ်​လို့ ​ပြောထား
တယ်​​လေ ဘယ်​လိုဖြစ်​ပြီး ​ကျောင်းမုန့်​​ဈေးတန်း
ကို​ရောက်​​နေရတာလဲ။ ကိုကို clover ကို မ​တွေ့
လို့ ဘယ်​​လောက်​လန့်​သွားလဲ သိရဲ့လားကွာ..။
clover က ကိုကို့ကို လန့်​ပြီး​သေ​စေချင်​လို့လား"

Clover your'e my clover[Completed]Where stories live. Discover now