pa rt 12

395 19 3
                                    


unicode

'ကိုကို ရေ'
'ကိုကို '
ကိုကိုဘယ်ပျောက်သွားတာ

ယောက်ကျားလေးဝတ်စုံကို အချိန်အတော်ကြာမှ ပြန်ဝတ်ဆငိရတဲ့ ခံစားချက်ကတော့ ...
ရိပေါ် ဟန်ရွှိုက်ပေါ့...

အခုတော့ကလေးပေါက်စ အစိမ်းလုံးက သူ့ကိုကိုကိုလိုက်ရှာနေပါတယ်

ရိပေါ်စကားပြောသံကြားလို့ ထွက်ကြည့်လိုက်တယ်
အိမ်ရှေ့မှာ စကားပြောရင်း ပြုံးဖြီးနေတဲ့ကိုကိုရယ် ဘေးအိမ်က ကိုရီယားမ ယူနာရယ်...လက်ထဲက တော့ပို့ကီ ပန်းကန်ရယ် ကိုကိုလုပ်ထားတဲ့တော့ပိုကီလား ထမင်းစားခန်းထဲက စားပွဲခုံပေါ်လှမ်းကြည့်တော့ ..ရှုပ်ပွနေတဲ့ အခြေအနေတခုနဲ့ ..တော့ပိုကီပန်းကန်နောက်တစ်ခု
'တောက်'
လက်တောင်ဆွဲထားသေး
မခန့်တာ ရိပေါ်ကို မခန့်တာ
ကိုကိုက allergicပျောက်လို့ လက်တည့်စမ်းချင်နေတာလား ရိပေါ်ကလိုသုံးလား မိန်းကလေးပုံစံမို့ ကိုကိုကြိုက်ခဲ့တာမလားးး ကိုကိုပြောတဲ့ ကျွန်တော်ကအချစ်ဦးဆိုတဲ့စကားကိုလညိး ရိပေါ်မစဉ်းစားနိုင်တော့ပါ
ဒီအချိန် ရိပေါ်အတွက် ကိုရီးယားကအသိဆို ချိုဆွန်းနဲ့သူ့အကိုပဲရှိတာ
ချိုဆွန်းက တရုတ်မှာ..ဘယ်လိုလုပ်ရပါ့
.ရိပေါ်ကိုကို့ဆီကထွက်ပြေးမယ်.. လိုသုံးအဖြစ်မခံနိုင်ဘူး
မုန်းတယ် ကိုကို့ကို

တံခါးဝက ဆည်းလည်းသံလည်း မြည်သွားသည်
ကိုကိုပြန်ဝင်လာပြီထင်တယ်

ကိုကိုက ရိပေါ်ကို တစ်စက်မှလှမ်းကြည့်ပုံမပေါ်
စားပွဲပေါ်က တော့ပိုကီပန်းကန်ကို ဘာတွေထပ်ထည့်နေလဲမသိ..
'ရိပေါ် နိုးလာပြီလား ကိုယ့်ကလေးလေး'

'ကျွန်တော် ကလေးမဟုတ်ဘူး'

'ရိပေါ် ဘာတွေစိတ်ကောက်နေလဲ တော့ပိုကီကြိုက်တယိဆို ကိုကိုလုပ်ထားတယ် မြည်းကြည့်အုံး'

'ဖယ် ..မထိနဲ့' တော့ပိုကီပန်းကန်ကိုတွန်းမိလိုက်သည်

'ရိပေါ်  ...' မျက်နှာပျက်သွားဟန်ရှိသည့် ကိုကိုက တော့ပိုကီတွေကို နှမြောတသ ကြည့်နေတယ်

'ခင်ဗျား ဟာမစားဖို့ လုပ်ထားတာမလား ..ခင်ဗျား ကျွန်တော့ကို မချစ်ဘူး ကျွန်တော်စောစောစီးစီး ခင်ဗျားကိုရှာနေခဲ့တာ ခင်ဗျားက သူမနဲ့ ပြုံးဖြီးပြီး လက်တောင်ကိုင်ထားသေး'

Green StoryWhere stories live. Discover now