အက်ကြောင်းရဲ့အစ

2.8K 96 0
                                    

နွေတို့ ရဲ့ honeymoon ခရီးစဉ်ကလည်းသူ့ရဲ့အလုပ်ကိစ္စနဲ့တွဲပြီးသွားရတဲ့ခရီးစဉ်ဖြစ်ခဲ့တယ်

တစ်နေ့လုံး နဲ့ Bangkok နဲ့ Samut Sakhon ဘက်ရှိစက်ရုံတွေမှာ
Meeting တွေလုပ်ရင်းအချိန်တွေကုန်ခဲ့တယ်

ညဘက် dinner စားသည့်အချိန်ကလွဲသူမ honeymoon ဆိုတဲ့အရသာကိုနွေမခံစားလိုက်ရ

နွေ့ကိုပြောတာတော့
သူကဘယ်တော့မှ အလုပ်မပါပဲခရီးမသွားတက်ဘူးတဲ့လေ
ဒီအတိုင်းပိုက်ဆံဖြုန်းရမဲ့ကိစ္စမျိုးဆိုသူ့ကိုယ်သူလိပ်ပြာမလုံဘူးတဲ့
ဟုတ်မှာပေါ့လေ honeymoom တောင်အလုပ်နဲ့တွဲတဲ့လူမျိုးကြီးမို့နွေသိပါတယ်

အရင်ကနွေ့ဆီလာခဲ့တာလည်း သူ့ hotel တွေလာကြည့်ရင်း လမ်းကြုံသဘောလာခဲ့တာပဲ

ဒါကိုခပ်ရူးရူးနွေက နွေ့ဆီလာချင်လွန်းလို့လာနေတယ်ထင်ခဲ့သေးတာ

ဖမ်းပြီးသားငါးမို့အစာမကျွေးတဲ့သဘောလားတော့နွေမတွေးတက်ခဲ့

သူ့ဘဝမှာနွေကဘယ်နေရာလောက်မှာရှိနေလည်းနွေမသိပါ

​သူဟာ..သူ့အလုပ်နဲ့ သူ့life style ကိုအသက်လောက်အလေးထားသလောက်
နွေ့ရဲ့ life style နဲ့ နွေ့ရဲ့အလုပ်အကိုင်ကိုတော့ သူမလေးစားနိုင်တာ နွေအံ့ဩမိသည်

နွေနဲ့သူပထမဆုံးဖြစ်တဲ့ပြသနာက

နွေကအိမ်ခွဲနေချင်တယ်...
ပြီးတော့ကလောမှာပဲအခြေချချင်တယ်

သူကသားအကြီးဆုံးဖြစ်လို့ဆိုတဲ့ကြောင်းပြချက်နဲ့ရန်ကုန်မှာနေချင်တယ်
သူ့အမေကိုမထားခဲ့နိုင်ဘူး
သူ့အလုပ်တွေကရန်ကုန်မှာမို့ ရန်ကုန်ကနေသူလုံးဝမခွာနိုင်ဘူးတဲ့လေ

သူကကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့အရာရာကိုဦးဆောင်နေပေမဲ့လည်း
သူ့အမေရဲ့စကားကိုတော့မသွေမတိမ်းနားထောင်တက်သည်

ပထမဆုံးအက်ကြောင်းနဲ့တင်နွေတို့နှစ်ယောက်လုံးတော်တော်ထိခိုက်ခဲ့ရသည်

ကုတင်တစ်ခုတည်းအိပ်နေပေမဲ့ နွေတို့တွေ ဆန့်ကျင်ဘက်အရပ်ကိုမျက်နှာမူပြီးအိပ်ရာဝင်ကြရတော့သည်

တိတ်ဆိတ်နေတဲ့သူ့ကျောပြင်ကိုနွေလှည့်ကြည့်မိသည်

သူအိပ်မပျော်သေးတာနွေသိသည်

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now