(Zawgyi version)
ညအမှောင်သည် ကံကောင်းမှုအချို့အား တိုက်စားသွား
သည် ။ တိတ်ဆိတ်ပြီး လူပြတ်သောလမ်းကြားထဲတွင်
လူရိပ်အချို့သည် မကောင်းမှုတစ်ခုအား ဝါးမြိုတော့မည့်
ဟန်နှင့် စိတ်တက်ကြွလှုပ်ရှားနေကြ၏ ။သို့သော် ထိုအုပ်စုလိုက်လူရိပ်များမှာ စီကျွေးအထက်တန်း
ကျောင်းဟူသော စာတန်းပါသည့်ရင်ထိုးများကို ဆင်တူ
ချိတ်ထားကြပြီး တူညီသောအထက်တန်းကျောင်းဝတ်စုံများ
က လင်းထင်းနေသည့် လမ်းမီးတိုင်အောက်တွင်
တရားခံဖော်ပြီးသားဖြစ်နေသည် ။ည ကိုးနာရီထိုးခါနီးဟူသောအချိန်မှာ အသက်မပြည့်
သေးသော အထက်တန်းကျောင်းသားများအတွက်
မမြင်နိုင်သည့်အန္တာရာယ်များအား ဖိတ်ခေါ်နေသကဲ့
သို့ပင် ။စက်ဝိုင်းပုံဝိုင်းပတ်ပြီးမတ်တပ်ရပ် ဝန်းရံထားသည့်
လူငယ်ငါးယောက်အလယ်တွင် လက်နောက်ပြန်ကြိုး
တုတ်ပြီး ဒူးထောက်လျက်သား ခြောက်ယောက်မြောက်
လူငယ်လေးတစ်ယောက်ရှိသည် ။" ငါ နဲ့ မင်း ရန်ငြိုးရှိလို့လား ?? "
ဒေါသအရိပ်အငွေ့မပါဘဲ တည်ငြိမ်ပြီး ပုံမှန်စကားပြော
သည့်လေသံနှင့် သူ့ကို မော့ကြည့်ပြီး မေးလာသဖြင့်
နဂိုပြုံးရိပ်သန်းနေသည့် လီ ချန်း ၏ အပြုံးမျက်ဝန်းများမှာ
လမ်းမီးတိုင်အလင်းရောင်အောက်တွင် တစ်လက်လက်
တောက်သွားသည် ။လီ ရှန့် မှတ်ချက်ပေးထားသလို လီ ချန်း ၏ အပြုံးတွေ
လှလေ အသက်ဝင်လေ နှစ်လိုဖွယ်ကောင်းလေ
အန္တာရာယ်များလေ ပင် ။ လီ ရှန့် ပြောပြောတက်တဲ့
" မင်း က မျက်နှာနှစ်ဖက်နဲ့ကောင် " ဟူသော စကား
က လီ ချန်း ၏ စရိုက်ကို ဖော်ပြရန်အတွက်အကောင်းဆုံး
အသုံးအနှုန်းဖြစ်ပုံရ၏ ။" မရှိဘူး "
" အဲ့ဒါဆို ဘာလို့ ငါ့ကို တိုက်ခိုက်တာလဲ "
ESTÁS LEYENDO
|| After 6 months || [Z+U]
Ficción Generalသူ့ကို သတ်သေအောင် ဖိအားပေးခဲ့တဲ့သူက သူ့ကို ကြိုက်တယ်ဆိုတာဖြစ်နိုင်သလား ?? သူ့ကို သတ်သေအောင် ဖိအားပေးခဲ့တဲ့သူက သူ့ကို ကြိုက်တယ်ဆိုတာဖြစ်နိုင်သလား ?? Own Creation Rebirth