နောက်ရက်တွေမှာနွေ့ဆီကိုသူအလာကြဲသွားခဲ့သည်
မအားလို့ဆိုတဲ့အကြောင်းပြချက်နဲအတူနွေကိုယ့်အလုပ်ကိုယ်လုပ်တယ်
ညဆိုနွေ့တာဝန်အရသူ့ကိုဖုန်းခေါ်တယ်
ဒီဇင်ဘာလရဲ့အအေးဒဏ်နဲ့အတူ
သူ့ဆီက အေးစက်လာတဲ့ဆက်ဆံရေးကိုနွေခံစားလာရသည်ညဘက်ကြီးရုတ်တရက်ဝင်လာတဲ့ ဖုန်းကိုနွေကြည့်လိုက်သည်
သူ့ဆီကဖုန်းမို့နွေမျက်လုံးပြူးကျယ်သွားခဲ့သည်
သူမရင်တထိပ်ထိပ်နဲ့ကိုင်လိုက်တော့
အမျိုးသမီးတစ်ယောက်ရဲ့အသံ
"မင်းညိုရဲ့အမျိုးသမီးလားရှင်"
ဒီအချိန်ကြီးသူ့နဲ့အတူရှိနေတဲ့အမျိုးသမီးကဘယ်သူလဲ
နွေထောင်းခနဲဒေါသထွက်သွားသည်" ဘယ်သူလဲ ဘာကိစ္စရှိလို့လဲ " နွေအသံကအနည်းငယ်တင်းမာနေခဲ့သည်
" မင်းညို bar မှာအရမ်းမူးနေလို့ တချက်လောက်လာခေါ်ပေးလို့ရမလား" တဖက်မှအမျိုးသမီးအသံကိုသူမရင်းရင်းနှီးနှီးကြားဖူးနေသည်
" နွေကအခု ရန်ကုန်မှာမဟုတ်ဘူး " စိတ်ရှုတ်ရှုတ်နဲ့သူမပြန်ဖြေလိုက်သည်
" မင်းညိုကရန်ကုန်မှာမဟုတ်ဘူးနွေ သူအခုကလောမှာ"
တစ်ဖက်မှပြောသံကြောင့်သူမလုံးဝ shock ရသွားခဲ့သည်နွေသိထားတာ သူကရန်ကုန်မှာလေ
ကလောရောက်နေတာတောင်
သူနွေ့ဆီမလာနိုင်တော့တဲ့အခြေအနေမျိုးတောင်ရောက်နေပြီလားနွေကားသော့ကိုယူပြီးတစ်ဖက်မှပြောတဲ့ bar ကိုသူမသွားခဲ့သည်
Bar အတွင်းဖွင့်ထားတဲ့သီချင်းက When We Are Young ဆိုတဲ့ခပ်ဆွေးဆွေးသီချင်းတစ်ပုဒ်
မီးရောင်ခပ်မှိန်မှိန်နဲ့ bar ကို နွေဝင်သွားတော့
နွေ့ကိုလုံးဝအံ့ဩသွားစေတာက
သူနဲ့အတူရှိနေတဲ့အမျိုးသမီးက သူတချိန်ကတအားချစ်ပါတယ်ဆိုတဲ့သူ့ရဲ့ ex အမျိုးသမီး မမေသူ
KAMU SEDANG MEMBACA
Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)
Fantasiအိမ်ထောင်ရေးကိုအယုံအကြည်မရှိတဲ့ နွေဆိုတဲ့ အသက်လက်ပိုင်းအမျိုးသမီး Broken family ဖြစ်ခဲ့တဲ့အတွက် အမှီခိုကင်း....ခေါင်းမာတက်ပြီးမာနကြီးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း အိပ်မက်ဆန်တဲ့အမျိုးသားနဲ့ဆုံလာတဲ့အခါ နွေဘယ်လိုရုန်းထွက်နိုင်မလဲ ပတ်ဝန်းကျင်နဲ့အဖု...