Part-4💚

422 83 15
                                        

Unicode

"နေပါဦး ငါမင်းကိုတွေ့ဖူးသလိုပဲ"

သူ့မျက်နှာကကျွန်တော့်မျက်နှာနဲ့တအားကိုနီးကပ်နေပြီ
ကျွန်တော်သူနဲ့အကြည့်ချင်းမဆုံရဲဘူး
သူကျွန်တော့်ကိုသိလို့မဖြစ်ဘူး
ဒီတစ်ရက်တည်းနဲ့သာကျွန်တော်လိမ်ထားတာပေါ်သွားခဲ့ရင်
မဖြစ်ဘူး.....ဘယ်လိုမှမဖြစ်ဘူး

"Off ဘယ်လိုဖြစ်နေတာလဲ အခုမှရောက်တဲ့သူကို အဲ့လိုမဆက်ဆံရဘူးလေ"

တော်သေးတယ် အန်တီသာမပြောရင် သူ့မျက်နှာကကျွန်တော့်မျက်နှာထဲကိုဝင်သွားတော့မှာသေချာတယ်
ကျွန်တော်ဘယ်လောက်တောင်လန့်သွားလဲဆို
ကျွန်တော့်မျက်နှာမှာမိတ်ကပ်ထူထူတွေလိမ်းထားတာတောင်နဖူးဆပါ်မှာချွေးစို့နေပြီ

"ဟုတ်ပြီလေ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးရမှာပေါ့ မင်းအသက်ဘယ်လောက်လဲ နာမည်ကရော"

ဘုရားမှာတွေ့တုန်းကနာမည်မပြောမိတာတော်သေးတယ်လို့ပဲမှတ်ရမယ် နာမည်သာပြောမိခဲ့ရင် အခုအချိန်နောင်တအကြီးအကျယ်ရနေတော့မှာ

"နာမည်က Gun ပါ အသက်ကတော့ 21"

"အော်"

"ဒါဆို Off ထက်သုံးနှစ်လောက်ငယ်တာပဲ အကိုလို့ပဲခေါ်ပေါ့"

"ဟုတ်ကဲ့ အန်တီ"

"Shit အကိုတဲ့လား"

သူကတော့တိုးတိုးလေးမကြားတကြားပြောပြီးဧည့်ခန်းထဲကပြန်ထွက်သွားတယ်
အကိုလို့တစ်ကယ်ခေါ်ခွင့်ရတော့မယ်ပေါ့
ဘာပဲဖြစ်ဖြစ်အကို့နားမှာနေခွင့်ရတော့မယ်
နန်းပြောတဲ့စကားကိုတွေးမိတိုင်းကျွန်တော်တွေးရင်းကြောက်မိတယ်
အမှန်တရားဆိုတာကြာကြာဖုံးကွယ်ထားလို့မှမရတာ
ဒီအိမ်ကြီးမှာရောအကို့နားမှာပါရှိနေခွင့်ရတဲ့ကျွန်တော်ကအတုအယောင်ပဲလေ

"Gun နင်အဲ့ဒီကိုသွားရင်အမြဲသိထားရမှာရှိတယ်နော်"

"ဘာလဲ"

"နင်ကနင်မဟုတ်ဘူးဆိုတာပဲ"

"ဘာကိုပြောချင်တာလဲ"

"နင်ကသူ့ကိုချစ်တယ်လေ ဒါပေမယ့်သူမြင်နေရတဲ့လူက နင်မဟုတ်တဲ့မိန်းကလေးတစ်ယောက်အဖြစ်မြင်နေမှာ
အဲ့တော့သူကသူမြင်နေရတဲ့မိန်းကလေးပုံစံကိုချစ်မိသွားလို့တော့မဖြစ်ဘူး"

FAKEWhere stories live. Discover now