နောက်ရက်တွေမှာတော့ သူတို့မိသားစု နွေ့ကိုဆက်ဆံတဲ့ပုံစံတွေလုံးဝပြောင်းလဲသွားခဲ့သည်
ဒါကို သရုပ်အမှန်ပေါ်လာတာလားလို့သာနွေထင်သည်
သူတို့အမြင်မှာနွေကဖောက်ပြန်တက်တဲ့ မိန်းမ
အကြောတင်းပြီးရိုင်းစိုင်းတဲ့မိန်းမ
သူတို့ရဲ့မင်းညိုကတော့နွေဘာလုပ်လုပ်ခံနေတက်တဲ့သနားစရာကောင်းတဲ့လူပေါ့
နွေမတက်နိုင်ဘူး
ဘာကိုမှလည်းမစဉ်းစားထားသေးဘူး
နွေ မင်းညိုကိုလည်းနားချနိုင်မှာမဟုတ်ဘူး
ဖြစ်ချင်ရာဖြစ်ပါစေတော့ အစကတည်းကနွေ့ကိုအထင်သေးခဲ့တဲ့ လူတွေဆိုတော့
သူတို့ဆီကအထင်ကြီးမှုတွေကို ထူးခြားပြီးနွေမလိုချင်တော့နွေအဲ့ဒီ့နေ့ကစပြီးမင်းညိုတို့မိသားစုနဲ့တွေ့မဲ့ကိစ္စတွေကိုနွေရှောင်ခဲ့သည်
မနက်ကနေ ညအထိ အလုပ်ထဲရှိနေရတော့ထူးခြားပြီးတော့ပြေးပုန်းစရာမလို
နွေအိမ်ပြန်ရောက်တဲ့အချိန်ကအားလုံးအိပ်တဲ့အချိန်မို့နွေ့အတွက်အဆင်ပြေသည်
အလုပ်စောပြီးတဲ့နေ့တွေဆို နွေ ဘားတစ်ခုခုမှာသွားထိုင်နေသည်
လူခြေတိတ်မှနွေပြန်လာသည်မထင်မှတ်လောက်အောင်အေးစက်သွားတဲ့
နွေတို့အိမ်ထောင်ရေးကိုလည်းနွေခေါင်းထဲမထည့်ထားတော့ချင်ပါအလုပ်တွေဖိလုပ်ရင်း အားတင်းနေပေမဲ့ ရင်ထဲမှာတော့တဆစ်ဆစ်ကိုက်ခဲနေသည်
ဒီအကြောင်းအရာတွေကိုနွေဘယ်သူ့ကိုမှရင်မဖွင့်ချင်တော့
နွေဘယ်အရာကိုမှဂရုမစိုက်တော့ဘူး
နွေမမှားတဲ့အမှားတစ်ခုအတွက်တော့နွေမတောင်းပန်ချင်ခဲ့
သူလည်းပြန်လာချင်တဲ့ညမှပြန်လာခဲ့သည်
နွေနဲ့သူက ညအိပ်တဲ့အချိန်တစ်ခုပဲဆုံတာတောင်
တစ်ယောက်နဲ့တစ်ယောက် ကျောပေးပြီးအိပ်ကြရသည်အိပ်ရာတစ်ခုတည်းပေါ်အိပ်နေတဲ့ ရန်သူနှစ်ယောက်လို
နွေဒီလိုအခြေအနေကိုဆက်ပြီးသည်းမခံနိုင်တော့
CZYTASZ
Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)
Fantasyအိမ်ထောင်ရေးကိုအယုံအကြည်မရှိတဲ့ နွေဆိုတဲ့ အသက်လက်ပိုင်းအမျိုးသမီး Broken family ဖြစ်ခဲ့တဲ့အတွက် အမှီခိုကင်း....ခေါင်းမာတက်ပြီးမာနကြီးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း အိပ်မက်ဆန်တဲ့အမျိုးသားနဲ့ဆုံလာတဲ့အခါ နွေဘယ်လိုရုန်းထွက်နိုင်မလဲ ပတ်ဝန်းကျင်နဲ့အဖု...