အမှောင်ယံနဲ့ အေးစိမ့်တဲ့အခန်းထဲမှာ တိုးတိတ်ကာ
ဂျီမင်းလဲ အိပ်ရာထက်လဲလျောင်းရင်း ရွှေရင်ခုန်နေ
ခဲ့၏။ခုတလောနာမည်အကြီးဆုံးဖြစ်တဲ့ celeတစ်
ယောက်...ပြီးတော့ ကိုယ်သဘောကျသော အမျိုး
သားတစ်ဦးနှင့် ထိပ်တိုက်တွေ့ဆုံခွင့်ရသည်က
ဘယ်လောင်ပင် ကံကောင်းလိုက်ခြင်းလဲလေ...လော့ခ်မချထားဘဲ ပွင့်လာသည့်တံခါးရွက်နောက်က အရိပ်တစ်ခုကိုမတွေ့ခင်ထိ လူဟာစိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်ပျော်ရွှင်နေရသေး၏။တိုးကပ်လာတဲ့
အရိပ်မည်းနဲ့ ခြေသံတစ်စုံတစ်ရာက ကြက်သီးထရ
အောင် လှုံဆော်မှုရှိတော့ ယောက်ျားပီပီမျက်စိစုံမှိတ်
ထားပြစ်လိုက်ရသည် ။ကိုယ့်အားအနီးကပ် စူးစိုက်နေလောက်သည့် မျက်ဝန်းတစ်စုံအား ပြန်လှန်ပင်မကြည်ရဲခဲ့...မျက်နှာနားတိုးကပ်လာပြန်သည့် အငွေ့အသက်တစ်ချို့ကြောင့်
မျက်ခွံအားပိုတိုးပိတ်ကာ နှုတ်ခမ်းတင်းတင်းစေ့ထား
မိပြန်သည် ။လက်နှစ်ဖက်ကလည်း ခြုံစောင်ဖြူဖြူစ
အား ကျစ်ကျစ်ပါအောင် ဆွဲစုပ်လျက်...
တော်တော်သတ္တိရှိတာပဲဟု ကိုယ့်ကိုကိုယ် ချီကျူးရ
သေး၏။တွေးထားသလို မျက်နှာအား ထိကိုင်လာခြင်းမဟုတ်ပဲ
သူ၏ခေါင်းအုံးအောက်ရှိ တစ်စုံတစ်ခုအား စမ်းသမ်း
ရှာဖွေလာခြင်းပင် ။သူခိုးဆိုလည်း အခြားတန်ဖိုးကြီး
ပစ္စည်းတွေကို ယူလိမ့်မည် ။အခုကား သူ၏ခေါင်းအုံး
အောက်၌ ဘာရတနာမှမရှိ ရှိသည်ကား ကူပွန်လေး
တစ်ရွက်တည်းပင် ။မနေနိုင်တဲ့အဆုံး ဂျီမင်းတစ်ယောက် မျက်လွှာတို့
ဖွင့်ကြည့်မိ၏။ လအလင်းရောင်နဲ့ မှိန်ပြပြတွေ့လိုက်ရသည့် မျက်နှာတစ်ခုက သူစိမ်းသူမဟုတ်ပဲ
ကူပွန်စာရွက်အပိုင်းအစလေးအား တွေဝေဝေကြည့်
နေသောသူ၏အရင်းနှီးဆုံး သူငယ်ချင်းထယ်ယောင်း ကိုယ်တိုင်ဖြစ်နေတာကြောင့် ကြောက်စိတ်ပျောက်ကာ
အံ့ဩမှုနဲ့ ထအော်မိလေသည်။'အား...!!ထယ်ယောင်း...မင်း...မင်း...ဘာလုပ်နေတာ
လဲ...?''ဟမ်...ဟိုလေ...အဲဒါ...'
ဂျီမင်းနိုးလာတော့ ထယ်ယောင်းခမျာလန့်ရပြန်သည်။
သူမသိအောင် တိတ်တဆိတ်လာခိုးပါတယ်ဆိုမှ
ခုခါတော့ သူခိုးလူမိ...ဘယ်လိုအကြောင်းပြရမလဲ
တောင်မသိတော့...