ကန်ရေပြင်က ငြိမ်သက်လို့နေသည်။ နေမင်းကြီးက အနောက်အရပ်ဆီသို့ ရောက်စပြုနေသည်။ ညနေ့ဆည်းဆာရဲ့ အသက်ဝင်ချိန်မှာ မလှုပ်မယှက်ရပ်နေသူတစ်ယောက် ရှိသည်။ တစ်ဖက်ကမ်းကို မျှော်ငေးရင်း ထိုသူဝတ်ထားသော အဝတ်တို့သည်လည်း လေပြည်၏သယ်ဆောင်ရာကို မျောလွင်နေသည်။ ထို ပုံရိပ်များသည် ရေစပ်နား အယောက်တွင် ရပ်တန့်သွားသည်။ ကန်ရေပြင်ဘေးတွင် ပျော်ပါးစွာဆော့ ကစားနေသော ကလေးများ၏ အသံကိုကြားနေရသည်။ စိတ်တို့သည်လည်း တချိန်က အတိတ်ဆီသို့ ပြန်ရောက်သွားသေည်။
တချိန်က သူငယ်ချင်းများ နဲ့အတူ ကန်ရေပြင် ဘေးရှိ ထိုင်ခုံတန်းလေးတွင် ထိုင်ကာ ရေထဲသို့ခဲလုံးလေးများ ပစ်ပေါက် ကစားခဲ့ဖူးသည်။
ရောက်တတ်ရာရာ တို့ကိုပြောရင်းရယ်မောသောသူ့၏ ရယ်သံလေးတွေကိုလည်း ကြားယောင်မိသည်။
အေးမြသော ဆောင်းရာသီ၏ အအေးဒဏ်ကို အံ့တုရင်း နှင်းမှုန်များကြားထဲ လျှောက်လည်ခဲ့ဖူးသည်။ယခုတော့.....
ရယ်သံတွေလည်း တိတ်ဆိတ်လျက် စကားသံတွေလည်း ပျောက်ကွယ်သွားသည်မှာ ကြားခဲ့ပြီ။ အရာအားလုံး သည်လည်း တိတ်ဆိတ် အနည်းထိုင်သွားပြီ ဖြစ်သည်။
ထိုစဥ် တစ်စုံတစ်ယောက်သည် yibo ရှိရာသို့ ဦးတည် လျှောက်လာသည်။
Yibo သည် ထိုသူနှင့် ကျောပေးရပ်နေေသော အနေအထားတွင်ရှိသည်။ ထိုသူသည် yibo ၏ခပ်လှမ်းလှမ်း အကွာတွင် ရပ်တန့်ပြီး ပါးစပ်မှ အမည်တစ်ခုကို ရေရွက်လိုက်သည်။
"Yibo"
ထိုအသံကို သူရင်းနှီးစွာ ကြားဖူးသည်။
နောက်သို့ လှည့်အကြည့် အသံပိုင်ရှင်သည် xiaozhan ဖြစ်နေသည်ကို သိလိုက်ရသည်။
"Zhan ge ....Zhan ge"လား
"Zhan ge ဟုတ်ပါတယ်နော်"
"ဟုတ်ပါ့တယ်ဗျာ
ကျွန်တော် xiaozhan အစစ်ပါ"
Yibo ထိုသူကိုငေးကြည့်နေရင်း "အင်း" ဟုတစ်လုံးတည်းသာ ဖြေလိုက်မိသည်။
၂ယောက်သား အချိန်အတော်အကြာ ကန်ရေပြင်ကို သာကြည့်နေမိသည်။ ထို့နောက်မှ ကျွန်တော့်ဘက်ကစကားစပြောလိုက်သည်။
"Zhan ge ဘယ်တုန်းကရောက်နေတာလဲ"
"ဒီနေ့မနက်ကပဲပြန်ရောက်တာ
ရောက်ရောက်ချင်း ဒီနေရာလေးနဲ့ yibo ကိုလွမ်းလို့ လာခဲ့တာ။ yibo ဒီနေရာကို ဘာလာလုပ်တာလဲ မညာရဘူးနော်"
"ငါလည်း ဒီနေရာလေးကို လွမ်းတိုင်းလာဖြစ်တယ်။ငါတို့ရဲ့ အတိတ်တွေကို သတိရတိုင်းပေါ့"
"Yibo နင်အခုထိနင့်ရဲ့စိတ်ကို သေချာမသိသေးဘူးလား၊ နင်ဘယ်သူ့ကိုပဲ ရွေးရွေး ငါကတော့နင့်ငါ့ကို ပြန်ချစ်လာမဲ့နေအထိစောင့်နေမှာပါ"
Yibo အတွေးတို့က အတိတ်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ တချိန်ကxiaozhan ၊ Yibo ၊ ဝမ်ချင်တို့ အတူသွား အတူစားခဲ့ကြသည့် ငယ်သူငယ်ချင်းများ ဖြစ်ခဲ့သည်။ ထိုပြင်
မိဘများကလည်း yibo ကိုဝမ်ချင်နဲ့သဘောတူထားကြသည်။
Yiboနေ့တစ်နေ့ကိုလုံးဝ မေ့မရခဲ့ပါ။