Episode 1

6.5K 217 12
                                    

ဆိုးလ်မြို့ အထင်ကရ​ဆေးရုံတွင် Jenတို့သားအဖ

​ခြေချင်းလိမ်​နေကြသည်။ ​​ဆေးရုံ ​လျှောက်လမ်းတွင်

​ခြေရာချင်းထပ်​အောင် ​ခေါက်တုံ့​ခေါက်ပြန်​​လျှောက်​

​နေ​ရသည်မို့ Jenလည်းခြေ​ထောက်​ညောင်းလာသည်။

သို့​သော် ရင်ကအပူတို့က ​ခြေ​ထောက်က​ညောင်းညာမှု

ကိုဂရုမထားနိုင်။Appa၏မျက်ဝန်းသည် စိုးရိမ်စိတ်တို့

နှင့်ပြည့်နှက်​နေသည်ကို (၁၅)နှစ်သာသာပဲရှိ​သောJen

ပင်လျှင် သတိထားမိသည်။

Jen__ "Appa, Ella​လေးက ​မ​မွေး​သေးဘူးလား"

Jen appa_ "Omma ​ဆေးစစ်ချက်ယူ​နေတုန်း​လေ      ပြီးရင် သိရမှာ​ပေါ့ ​ပေါက်စီ​လေးရဲ့"

Appaက jen၏ပြည့်​ဖောင်း​သော ပါး​လေးကို ဖွဖွ​​​

​လေးဆွဲညှစ်လိုက်သည်။ Ommaဝင်သွား​သောအခန်း

ထဲမှDoctor ကAppaကိုလှမ်း​ခေါ်လိုက်သည်မို့

Appa ​ပြေးလုမတတ် သွားလိုက်သည်။

  "အ​ခြေအ​နေဘယ်လိုရှိလဲ ဆရာ" Appaနှင့်

doctorတို့​ပြောသည့်စကားများကို Jenအာရုံမရ​။

​ပျော်ရွှင်မှုတို့နှင့် ပြည့်ရွှမ်း​နေမည့် အနာဂတ်ဆီသို့ ​

က​​လေးပီပီ ​အ​တွေးတို့ နယ်ချဲ့​နေမိသည်။ မနက်တိုင်း

အိပ်ယာထချိန်တွင် သူမ​ဘေးတွင် ညီမ​လေးEllaရှိ

​နေမည်။​သေးငယ်လှ​သော Ella၏ပါးပြင်နုနုကို အ

နမ်းဖွဖွ​ပေးပြီးမှ အိပ်ယာထမည်။ မနက်စာစားချိန်တွင်

Ommaလက်ထဲမှElla​လေးကိုသူမလက်တို့နှင့်​ထွေး​

​ပွေ့ထားရင်းOmmaခွံ့​ကျွေးတာစားမည်။ ​ကျောင်းကြို

ကားမလာခင်တွင် Ella​လေးကို သူမက​ချော့မြူမည်။

​ကျောင်းမှပြန်​ရောက်ချိန်တွင် လွယ်အိတ်ချပြီးသည်

နှင့် Ella​လေးရှိရာသို့သွားပြီး နို့နံ့သင်း​နေမည့်  Ella

ကိုယ်​လေးကို မနိုင့်တနိုင်​ပွေ့ချီကာ တပို့တနင်းကြီး

My mom lover is my sisterWhere stories live. Discover now