ကျိုတိုမြို့ဟောင်းလေးရဲ့တောင်ပတ်လမ်းဟာ လေပြေတွေတသွေးသွေးတိုက်ခတ်နေသည်။ အေးစက်စက် လေပြေရိုင်းတချက်ဟာ ပါးပြင်ပေါ်သို့ ရိုက်ခတ်သွားသော်လည်း မျက်ရည်တို့ဟာခမ်းခြောက်မသွားပေ။
ကံတရားဟာမဆုံတွေ့စေခဲ့ရင်ကောင်းသားလို့ တွေးတောမိသည်။
3နှစ်တိတိ ရက်ပေါင်း( 1095ရက်)တိတိ
နာရီပေါင်း (26280နာရီ) တိတိ မင်းကိုစောင့်နေမိတဲ့ငါက အရူးတစ်ယောက်ပဲ။
မင်းသာပေါ်မလာခဲ့ရင် ကံတရားက ငါ့ကိုမျက်နှာသာပေးရင်ပေးခဲ့မှာ။
အင်း...အရာရာကိုဖြည့်တွေးလိုက်ရင်တော့ ကြိုးနဲ့ကြိုးချင်းမို့ချည်တာပေါ့
ချိတ်နဲ့ချိတ်မို့ ငြိတွယ်ချိတ်ဆက်မိတာပေါ့။ ဇာတ်သိမ်း မကောင်းတဲ့ ဇာတ်လမ်းပေမဲ့ Moko လေးကိုတော့ မင်းစွန့်ပစ်နိုင်ပေမဲ့ ငါမစွန့်ပစ်ရက်ဘူး Ren..။
မင်းအငွေ့အသက်တွေနဲ့ဝေးတဲ့နေရာကိုငါထွက်သွားမယ်,။ မင်းမရှိတဲ့နေရာမှာ သားလေးကို ငါပြုစုမယ်။ ငါတစ်ယောက်ထဲခွန်အားနဲ့ ငါ သားလေးကို စောင့်ရှောက်မယ်။ မင်းဆိုတာမရှိတော့ဘူး ငါ့ဆီမှာ။
မင်းကိုငါ..အင်း..မုန်းသွားခဲ့ပြီ Ren..။၃နှစ်အရွယ် သားပေါက်စရဲ့ပါးပြင်ကို တချက်ဖိကပ်နမ်းရှိုက်လိုက်ရင်း ပွေ့ချီလိုက်သည်။ တိုကျို ဆိုတဲ့ မြို့ဆီကိုသွားဖို့ရန် အထုပ်အပိုးတို့ကိုသယ်ဆောင်ရင်း ဘတ်စ်ကား မှတ်တိုင်မှာ ကလေးငယ်ကိုချော့မြူကာ စောင့်နေလိုက်သည်။
အဝေးဆီတ၏ချက်လှမ်းကြည့်မိတော့ ကျိုတိုမြို့ဟောင်းရဲ့ လှပတဲ့အငွေ့အသက်တွေဟာ မုန်းတီးစရာကောင်းလောက်အောင်စွဲလမ်းနေစေသည်။
အတူတူလျှောက်ခဲ့ဖူးတဲ့လမ်းကြားတွေ ရယ်၊ဟိုးတောင်ထိပ်နားဆီက အရေးပေါ်ဌာနရဲ့အနီရောင်ဆိုင်းဘုတ်လေးရယ် ၊ ခံစားချက်မဲ့စွာပွင့်ဖူးနေတဲ့ ဆာကူရာတွေရယ်...အင်း
ငါ မင်းကို သေအောင် မုန်းလိုက်တာ...ဘတ်စ်ကားလာဖို့အချိန်ဟာ၂နာရီခန့်ထိလိုနေသေးသည်။ မျက်ဝန်းအိမ်မှာမျက်ရည်စတွေကစီးကျလျက်။ မိုက်မဲလွန်းစွာ အခုအထိ ယောက်ျားတစ်ေယာက်ကိုစောင့်နေမိသေးသည်။ ရုတ်တရက် နတ်ကွန်းဆီက တုံးခေါက်သံ ခပ်သဲ့သဲ့ကိုကြားလိုက်ရသည်။တဆက်ထဲမှာပင် ပါးပြင်ပေါ်ဆီ လက်ဖဝါးသေးသေးလေးနှစ်ဖက်က တယုတယအုပ်ကိုင်လာသည်။
YOU ARE READING
Hope (ယုံကြည်မှု)
Romanceတစ်ခါတစ်လေမှာ ဘဝက ပြဇာတ်ထဲကလို အဆင်မပြေမှုတွေများနေခဲ့တဲ့အခါ တချို့အလင်းရောင်မှိန်မှိန်တွေကို ဘဝကြီးလို့ ထင်ခဲ့ဖူးတယ်..။ #ဟာခု အကျိုးမပေးတဲ့ဇာတာက ကျွန်တော်တို့ဖူးစာကို တားဆီးခဲ့ရင်တောင် ကျွန်တော် မင်းကို လိုက်ရှာနေမှာပါ ဟာခုချန်း.. #Ren