အသက်တမျှ ချစ်ရသည့်ကောင်လေးအား သူ့ဘက်က အကြင်နာတွေပေးချင်သည်။
ချစ်ခြင်းမေတ္တာတို့နှင့် ထွေးဖက်ကာ လုံခြုံနွေးထွေးစေချင်သည်။
သို့ပေမဲ့ သွေးအေးလွန်းလှသည့် ကောင်လေးက သူစိမ်းလူတစ်ယောက်လို ရှောင်ရှားသည်။
အတိုင်းအတာတစ်ခုထိ စည်းခြားပြီးနေနေသည်။
ထိုကောင်လေးနှင့် ရင်းနှီးနီးစပ်ခွင့်ရဖို့ သူ့ဘက်က ဘာတွေကြိုးစားဖို့လိုနေတာလဲ ဘယ်လောက်ထိ ချစ်ပြရဦးမှာလဲ ဘာတွေလေ့လာဖို့လိုအပ်နေသေးတာလဲ
°~°~°~°~°~°~°~°~°~°~°~°~
အိပ်ယာနိုးကတည်းက မျက်မှောင်ကြီးကုတ်ပြီး ပြတင်းပေါက်တွင် ရပ်နေသည့် ခင်ပွန်းသေးသေးလေးအား အနောက်မှ ထွေးဖက်ထားလိုက်ပါသည်။
''Baeရယ်...မအေးဘူးလား...ပြတင်းပေါက်မှာ အကြာကြီးရပ်နေတာ... ပြီးတော့ အနွေးထည်လည်းဝတ်မထားဘူး...''
''အွန်း...မအေးပါဘူး...! မင်းအလုပ်သွားတော့မှာမလား..Chan! နေ့လယ်မှ ငါလိုက်လာခဲ့မယ်...''
''အောက်ထပ်မှာ ယောက္ခမကြီးက ကိုယ်နဲ့မင်းကို မနက်စာစားဖို့စောင့်နေတယ် သွားစားကြရအောင်လေ...''
''အဟင်း...! Appaက..! ဟုတ်လားChan..?''
''ယောက္ခမကြီးကို ခွင့်လွတ်ပေးလိုက်ပါတော့ Baeရယ်... အရာအားလုံးလည်း ပြန်ပြောင်းလို့မရတော့အောင် ပြီသွားခဲ့ပြီပဲ Baeရယ်...ဟွန်?''
''ငါ့အစားရော မင်းပဲပိုစားလိုက်...Chan...''
''Baeသိရဲ့သားနဲ့ကွာ... ကိုယ်က တခြားသူလုပ်ပေးတဲ့နံနက်စာထက် မင်းလက်ရာလေးကို ပိုကြိုက်တယ်ဆိုတာ...''
သူ့စကားက ချစ်သူလေးကို ငြိမ်ကျသွားစေသည်။ သူသိတာပေါ့ ဒီလူသားလေးက သူ့ကိုဘယ်လောက်ထိချစ်တယ်ဆိုတာ...
''ဟုတ်ပါပြီChanရယ်... အားလုံးရဲ့မျက်နှာကို စိတ်ရှင်းရှင်းနဲ့ကြည့်နိုင်ဖို့ ငါကြိုးစားပါ့မယ်...''
''အဟင်း...ဟင်း...! ကိုယ်ယုံတယ် ကိုယ့်ရဲ့Baeဖြစ်နေလို့ Baeလုပ်နိုင်မယ်ဆိုတာကိုယ်ယုံတယ်...''