အရမ်းမှောင်မိုက်လွန်းတယ်။
အိမ်ရာပေါ်မှာ ဟိုလိမ့်ဒီလိမ့်နဲ့ ဒီညကလဲ အိပ်လို့မပျော်ခဲ့ဘူး။ ကုတင်ပေါ်မှ ထကာ အခန်းမီးတို့ကိုဖွင့်လိုက်သည်။
ကုတင်ဘေးရှိ ကိုယ်လုံးပေါ်မှန်ပေါ်မှာ ပေါ်နေတဲ့ပုံရိပ် အိပ်မပျော်ညတွေ များနေလို့ ညိုနေတဲ့မျက်လုံးတွေ ရှုပ်ပွနေတဲ့ ဆံပင်နဲ့ ကျွန်တော် ကိုယ့်ပုံစံကိုယ်ပြန်ကြည့်ရင်း သက်ပြင်းတစ်ချက်ချမိသည်။
အခန်းကျဥ်းအတွင်းဝေ့ကြည့်လိုက်ရင် ရှုပ်ပွလိုက်ရှိနေသော စာရွက်တွေ ဆေးဘူးတွေ ပန်းချီကားတွေ စုတ်တံတွေ လူခြေကျစရာပင် မရှိရှုပ်ပွနေသည်။
ပြတင်းပေါက်တံခါးမှ တဆင့်တွေနေရတဲ့ကောင်းကင်ကြီးသည် မှောင်မိုက်နေသည်။ ကျွန်တော်ဘ၀ကြီးလိုပေါ့။
နာရီလက်တံက နှစ်နာရီ ထိုးပြီး ဆိုတာ ညွှန်ပြနေတယ်။ လမ်းထိပ်ကနေအူနေတဲ့ ခွေးသံတွေကို ကျွန်တော်နားထဲ ကြားနေရတယ်။
ကျောချမ်းစရာကောင်းပေမဲ့ ကျွန်တော့အတွက် မထူးဆန်းတော့ပေ။
အရှေ့ က ပန်းချီပိတ်ကားဖြူကြီးကို တချက်ကြည့်မိတယ်။ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ပန်းချီတစ်ချပ်အနေနဲ့ ဖန်တီးသင့်ပြီလေ။
စုတ်တံကို ကိုင်လက် စိတ်ကူးတဲ့ပေါ်လာတဲ့ ပုံရိပ်တခုကိုရေးဆွဲလိုက်တော့သည်။
ဒါဟာကျွန်တော်အတွက် နောက်ဆုံးသောပန်းချီတစ်ခုသာ...။
အရာအားလုံးကိုကျွန်တော်နှုတ်ဆက်ဖို့အသင့်ဖြစ်နေပြီ..။#Reno
YOU ARE READING
Nyctophilia
Non-Fictionလွင့်မျောနေတဲ့အတွေးတွေကိုလိုက်ဖမ်းရင်း အမှောင်ထုထဲမှာငါဟာလွင့်မှန်းမသိလွင့်မျောလို့.. ရုန်းထွက်နိုင်စွမ်းမရှိတဲ့အခါ ငါဟာအမှောင်ထုရဲ့မိတ်ဆွေအရင်းအချာလို ဒါမှမဟုတ်..ငါကိုယ်တိုင်ကပဲအမှောင်ထုလို လွင့်မျောနေတဲ့ငါ ပျောက်ဆုံးနေတဲ့ငါ.. နောက်ဆ...