အပိုင်း ( ၁၄ )
နှစ်တွေကြာလာသည်နှင့်အမျှ Chen၏
အရေးပါမှုကို အခြားတိုင်းပြည်ကြီးကပါ
သိရှိလာကြသည် လက်အောက်ခံနိုင်ငံများ
ကလည်း တစ်ချိန်ကမယ်တော်ကြီးထံသာ
လက်ဆောင်ပဏ္ဏာများ ဆက်သပြီးအသိ
မှတ်ပြုခံယူခဲ့ပေမဲ့ ယခုမှာတော့ ကြင်ယာတော်
နှင့်တွေ့ဆုံလိုပြီး အရှင့်မျက်နှာသာပေးတာ
ခံချင်ကြသည်" သံတမန်အဖွဲ့ဆက်သလိုက်တဲ့ လက်ဆောင်ပဏ္ဏာ
စာရင်းစာအုပ်ပါအရှင် "" သတင်းအရဆို တစ်မျိုးလျော့နေသလိုပဲ Chen "
" သိပ်အရေးမကြီးတဲ့ အရာမို့ စိတ်ထဲမထားပါနဲ့ "
" ဘုရင့် ပိုင်ဆိုင်မှုကို စိတ်တိုင်းကျချန်လှပ်ထားတာ
ဘယ်လိုပြစ်ဒဏ်ခံရနိုင်မလဲဆိုတာ Chenအသိဆုံးပါ
ဒါကြောင့် ချက်ချင်းပြန်ဖြည့်ထားလိုက် "" မလုပ်နိုင်ပါဘူး "
" Chenဘယ်အရာမို့ ကိုယ့်ကိုမပိုင်ဆိုင်စေချင်ရတာလဲ
ဒါဆိုလည်းကောင်းပြီ တာဝန်ခံကိုစစ်မေးရုံပေါ့ "Chenဘယ်လိုမှသည်းမခံနိုင်တော့ဘဲ
အံကိုကြိတ်ပြီး လက်ကိုတင်းနေအောင်
ဆုပ်ကာ ခပ်ရွဲ့ရွဲ့ဖြင့်........." အရှင့်အတွက် နောက်ဆုံးဆက်သလိုက်တဲ့ လက်ဆောင်
က သိပ်ကိုငယ်ရွယ်ပြီး ကျနော်မျိုးနဲ့ယှဉ်လို့မရနိုင်အောင်
ချောမောလှပတဲ့ ကိုယ်လုပ်တော်ယောကျာ်းလေးပါ အရှင်
အရှင်သာ တကယ်အလိုရှိရင် ပြန်ခေါ်ထားပြီး လက်ထပ်ပွဲပါ
စီစဉ်ထားလိုက်ပါ့မယ် လူလိမ်အပြစ်သားကိုခွင့်ပြုပါဦး "ညီလာခံလိုလူမများပေမဲ့ နဘေးမှအမတ်ကြီး
တစ်ချို့ဆွေးနွေးဖို့ရောက်နေတာကြောင့်
yixing ထသွားပြီး ဖမ်းဆွဲထားဖို့မဖြစ်နိုင်
တော့ပါ သူစတာလွန်သွားလေပြီ ကြင်ယာတော်
လေးသည် လွန်ခဲ့သည့်နှစ်များစွာထဲက အရှင့်ကို
ဆက်သသည့်ထဲတွင် သက်ရှိလူသားအချောအလှ
များပါလာခဲ့ပါက ဘုရင့်ရှေ့မှောက်ဘယ်တော့မှ
အရောက်မခံ ဒါကိုလည်း ကျေကျေနပ်နပ်နဲ့
မသိယောင်ဆောင်ပေးထားသူက yixing
တစ်ခါတစ်ရံသူမဖြေရှင်းရလို့ သက်သာသည်
ဟုတွေးကာ အလိမ္မာကြင်ယာတော်ကိုစိတ်ထဲ
မှပင်ကျေးဇူးတင်သေးသည်
YOU ARE READING
အဆိပ်သင့်ကြင်ယာတော် (Z&U)
Fanfictionအို မိုးနတ်မင်း......... အရှင့် အချစ်ကိုခွဲဝေယူရတာ ဒါနောက်ဆုံးသော ဖြစ်ပါစေ။ ကြင်ယာတော်Chen အို မိုးနတ်မင်း......... ချစ်ရသူအစစ်အမှန်သူ့ထံသာ ချစ်ခြင်းအကုန်ပေးဆပ် ခွင့်ရသူဖြစ်လို၏။ Zhang ဘ...