Zawgyi
မနက်ခင်းလေးမှာဆူညံ့သံတွေနဲ့ကြားနေရပြီ
ဘာလို့လဲဆိုတော့ရဲမြတ်သူကိုသူ့အမေနှိုးနေခြင်းပင်
"ဟဲ့သားထတော့လေ နိငါ့ကိုနှိုးခိုင်းပြီးအခုတော့မထဘူး နိုးပြီနိုးပြီဆိုပြီးပြန်ပြန်အိပ်နေတာလေ ငါနှယ့်
ငါကတော့ငါ့သားလေးကအရေးကြီးလို့နှိုးခိုင်းတာဆိုပြီး ဘုရားတောင်ဖြောင့်ဖြောင့် မရှိခိုးရဘူး ထတော့ငါရေနဲ့ပက်ပြီးနှိုးရမလား"အဲ့လိုဆိုမေမေလွင်သူဆိုသည်မှာလည်းအဲ့လိုပြောပြီးနှိုးလိုက်ရမှ
"ထပြီမေမေ မေမေကလည်းသားကိုနှိုးရတာကို
ပြောဆိုနေတာဒီသားလေးတစ်ယောက်တည်းရှိတာကို ဟွန့်..... မသိရင်မွေးစားထားတာကျနေတာဘဲ" ငိုမဲ့မဲ့ရုပ်နဲ့ပြောလိုက်တဲ့ငါလေး"အမလေး အကိုယ်တော်လေးရယ်နိရဲ့ဇာတ်လမ်းထဲမှာငါကနစ်မျောပြီး သနားရမှာလား
ငါ့သားလေးဇာတ်လမ်းဆင်ချင်ရင် ကိုရီးယားကားလေးအရင်ကြည့် ပြီးမှာလာပြောOK"မေမေက အမြဲတမ်းမိတ်ကပ်ပြင်ပြီး ပဲများနေတာ ဆရာမဆိုပင်မဲ့ မင်သမီးလိုနေတာ ဒါပင်မဲ့
ကျောင်းရောက်သွားရင် မင်းသမီးကနေဘီလူး
ပုံစံပြောင်းသွားတယ်လေ ဘာလို့လဲမမေးပါနဲ့
ကျောင်းသားတွေရဲ့တော်ချက်ပေါ့မေမေအကြောင်းစဉ်းစားပြီးပြုံးနေမိရာမှရုတ်တရက်ဆရာမပီပီ မေမေကလက်သံပြောင်ပြောင်နဲ့ ငါလေးရဲ့ခေါင်းကို ခေါက်လိုက်တယ်
"ဟာမေမေကလည်းသားရဲ့ရွှေခေါင်းလေးကို
အဟင့်ဟင့်""ရဲမြတ်သူ နိအိုဗာတင်းတွေသောက်ပြီး အိုဗာတွေမလုပ်နေနဲ့ငါကနိအမေ နိအကြောင်းမသိဘူးထင်နေလား"ငါဟဲ့နိအမေ နိအိုဗာတွေလုပ်နေတာတော်တော့ ငါသိတယ်ဆိုတဲ့မျက်နှာအမူအရာနဲ့
"ဟာမေမေနော် သားကိုအိုဗာလုပ်တယ်မပြောနဲ့
မကြိုက်ဘူး...ဟွန့်"သားမိနှစ်ယောက်ရန်ဖြစ်နေရာမှ
"ဟဲ့မြန်မြန် အလှပြင် တက္ကသိုလ်တတ်ဖို့ လျှောက်လွှာတင်မှာနော် နိကိုလင်လိုက်ရှာခိုင်းနေတာမဟုတ်ဘူး""မေမေ...သားကိုနော် လင်ပေးစားချင်နေတာလား"
"အေးဟေ လင်ဘဲယူယူမိန်းမဘဲယူယူ နိကိုငါ
ကြည့်ပြီးမျက်စိနှောက်လို့ မြန်မြန်ယူနားအေးတယ်"
YOU ARE READING
Where is my love???
RomanceZawgyi ဘယ်ဘယ်အရာကိုမဆို မရရအောင်ယူတတ်တဲ့ကောင်လေး စူးရှအောင် စိတ်ကူးယဉ်ဆန်လွန်းတဲ့ကောင်လေး ရဲမြတ်သူ တို့တွေ့ပြီးဘယ်လိုတလွဲလုပ်မလဲ Uni ဘယ်ဘယ်အရာကိုမဆို မရရအောင်ယူတတ်တဲ့ကောင်လေး စူးရှအောင် စိတ်ကူးယဉ်ဆန်လွန်းတဲ့ကောင်လေး ရဲမြတ်သူ တို့တွေ့ပြီးဘယ်လိုတလွဲ...