At 1 : 00 pm.... ။
" သားတို့ ဒီနေ့နောက်ကျသားပဲ "
ကျွန်တော်တို့ရောက်ရောက်ချင်း
ဘကြီးအမေးကိုခေါင်းလေးတစ်ချက်သာ ငြိမ့်ပြပြီး အပေါ်ကိုတန်းတန်းတက်သွားသည့်သူ ။
ကျွန်တော်ကသူ့နောက်ကပ်ရပ်မှာ ။ ဒီနေ့ကျမှ
အရာရာနှင့်အကြောင်းကြောင်းပင် ။" ဘယ်လိုလဲ မြေးငယ်
အဆင်ပြေတယ်မလား
ရှိုးကိုကြည့်ရတာအဆင်ပြေတဲ့ပုံပဲ "အဆင်ပြေလား မပြေလား
ကျွန်တော်သေချာမပြောတတ်တော့
ဒီနေ့မနက်ကနေယခုထိ ဖြစ်ကြောင်းကုန်စင်ကိုသာ
ဘကြီးကိုပြောပြလိုက်သည် ။" ........အဲဒါပဲ ဘကြီးရဲ့
ဟူး....မောတာဗျာ "ကျွန်တော့်စကားလည်းအဆုံးသတ်ရော
ဘကြီးရယ်သည် ။ သဘောတကျကို
ရယ်တော့သည် ။" ဒီတော့ ဘမြေးလေး ဟိုစက်ကြီးရော
ဒီစက်ကြီးရော ဆင်းခဲ့တက်ခဲ့ရတယ်ပေါ့ "မေးလည်းမေးသည် ။ ရယ်နေတာလည်းမရပ် ။
ဘာကိုသဘောတကျရယ်နေမှန်းကိုမသိပါ ။" ဘကြီးနော် သားမစီးရဲတာကိုရယ်တာမလား
ယောက်ကျားလေးဖြစ်ပြီး မစီးရဲဘူးဆိုပြီးရယ်တာမလား "" မဟုတ်ရပါဘူး "
" လျှောက်မပြောပါနဲ့ အဲဒါကိုရယ်တာပါ
ရွာမှာဆို ထန်းပင်ထိပ်ဆုံးထိတက်တာပါနော်
မန်ကျည်းပင်ထိပ်ဆုံးထိတက်တာပါနော် "" အေးပါ မြေးလေးရ "
" ကြည့်ထား ကြည့်ထား
အကယ်၍ အကယ်၍ပေါ့နော်
သူသာ သားတို့ရွာရောက်လာကြည့်
ထန်းပင်တက်ခိုင်းမယ်ပဲ .....ဟွန့် "" အမလေး ဟုတ်ပါပြီဟုတ်ပါပြီ
ဘကြီးက ရှိုးကိုရယ်ချင်တာပါ
မြေးလေးပြောပြသလိုဆို
ရှိုးကဒီနေ့တော်တော်စကားပြောတာပဲ "" ပြောပါ့ပြောပါ့ စိတ်ကိုရှည်လို့ပဲ "
" အေးနော်အေးနော်
မြေးလေးသူ့ကိုအော်တယ်မလား
ကြောက်တယ်လို့လေ အော်လိုက်တယ်ဟုတ် "ဘကြီးပြောမှသတိပြန်ထားမိလာသည် ။
အဲတုန်းက သူ့ကိုပဲကြောက်အားလန့်အားနဲ့
အော်ခဲ့သေးသည် ။ သူ့ကိုပဲ ကြောက်အား လန့်အားနှင့်ဖက်တွယ်ထားမိသေးသည် ။
ပြန်တွေးလေလေကိုယ်အပူချိန်တက်လေလေ။
ဒါတွေကြောင့်များအပြန်လမ်းမှာ သူစကားတစ်ခွန်းမပြောတာလား ။
မဟုတ်ပါဘူး အသွားတုန်းကလည်း စကားမှမပြောတာ အဲဒါတွေနဲ့မဆိုင်ပါဘူး ။
အား.....မသိဘူး.... ရူးချင်တယ် ။ ဘာကိုမှ ဆက်မတွေးချင်ပါ ။ အခုချိန်မှာ ဗိုက်ဆာတာပဲသိသည်မို့ ။