Chapter-36- Letter of Threat From Foe

176 24 0
                                    

Chapter-36

Letter of Threat From Foe

>>>Unicode<<<

Backသည် Singtoနှင့် ဖုန်းပြောပြီးသည်နှင့် အခန်းတွင်းသို့ ပြန်ဝင်လာခဲ့သည်။ Nong Krist၏ အဖေ နိုးလာပြီ ဖြစ်သဖြင့် Backသည် အခန်း ဝန်ဆောင်မှုကို ဖုန်းဆက်ပေးကာ အစားအသောက်များ လာပို့ရန် မှာကြားလိုက်လေရာ သူသုံးဆောင်နေစဉ် အချိန်အတွင်းတွင်လည်း စကားစမြည် ပြောဖို့ ကြိုးစားတော့၏။

‘‘အခုချိန်ကစပြီး ဦးလေး ဘာဆက်လုပ်ဖို့ စဉ်းစားသလဲ’’

‘‘မသိသေးပါဘူး။ အစီအစဉ် မချရသေးဘူး။ မင်းတို့ကရော အခုကနေ ဘယ်ကို ဆက်ပြီး သွားဖို့ စဉ်းစားလဲ’’

‘‘ကျွန်တော်လည်း မသိသေးဘူး။ ဒါတွေ အကုန်လုံး သူဌေးမလေး စီစဉ်မှာ ဆိုတော့ ကျွန်တော်က သူမ စီစဉ်တာကို နာခံရုံပဲ’’

Verendaသည် သူမ၏ နောက်ထပ် ဦးတည်ချက်နေရာကို ဆုံးဖြတ်ပြီးပြီ ဖြစ်သော်လည်း ထိုနေရာသို့ လက်လွတ်စပယ်ဖြင့် ဝင်ရောက်၍ မဖြစ်သေးပေ။ လိုနေတဲ့ သတင်းအချက်အလက်များကို သိရဖို့အတွက် ရန်သူ့ စခန်းသို့ ဝင်ရောက် စုံစမ်းရသည်မှာ မှန်သော်ငြား သတိကြီးကြီး မထားလျှင် အန္တရာယ် အရမ်းများနိုင်သော လုပ်ရပ်ပင် ဖြစ်သည်။ ထိုသူတို့ လိုချင်သည်က သော့၏ တည်နေရာနှင့် မြေပုံပင်။ သူမထံတွင် ယခု နှစ်ခုလုံး စုံနေသည်ကို ထိုသူတို့ ရိပ်မိနေလောက်ပြီ ဖြစ်သည့်အတွက် သူမ သေချာ အစီအစဉ် မချလျှင် ကျားဂူတွင်းသို့ အစားခံဖို့ ဝင်လာသလို ဖြစ်နေပေလိမ့်မည်။

သူမထံတွင် စဉ်းစားစရာတွေ အရမ်းများနေသဖြင့် ရေစိမ်နေရင်း ခေါင်းအေးသွားရလေအောင် မျက်နှာ အထက်သို့ ရေများ ရောက်ရှိလာသည်အထိ အောက်သို့ လျှောချလိုက်လေသည်။ သို့သော်လည်း မည်မျှပင် ကြိုးစားပါစေ။ စိတ်ရှုပ်စရာများကို ရေနှင့်တိုက်စား၍ မရနိုင်။ ထိုအချိန်တွင် သူမ ဖုန်းမြည်သံ ကြားလိုက်ရသဖြင့် ရေဇလုံတွင်းမှ ထွက်လာလိုက်ကာ တဘက်ကို ခန္ဓာကိုယ်ပိုင်းတွင် ပတ်လိုက်ပြီးနောက် ခေါင်းကိုလည်း တဘက်ဖြင့် အုပ်၍ ရေချိုးခန်း အပြင်မှ ဖုန်းထားရာ နေရာသို့ ထွက်လာလေသည်။

Make Me Yours (KristSingto Fanfiction)Donde viven las historias. Descúbrelo ahora