Part - 1

261 4 0
                                    

Date: 16. 8. 2048
"Dreamy...."

Date: 18.8.2048
"Dreamy...နေကောင်းရဲ့လား....၊ ခင်ဗျားရဲ့ ဇာတ်လမ်းလေးတွေကို မျှော်နေတယ်...၊"

Date: 20.8.2048
"Dreamy...Dreamy....အကြောင်းပြန်ပါ...စာတွေဆက်မရေးတော့ဘူးလား......"

Date: 30.8.2048 "Dreamy...နေကောင်းလား...ခင်ဗျား ဒီနေ့ထိ လိုင်းမတက်သေးပါလား...ကျွန်တော်လည်း အလုပ်တွေရှုပ်နေတာ ဒီနေ့မှ အားတယ်...."

"Dreamy...မဟုတ်သေးဘူး...လိုင်းမသုံးတာ နှစ်ပတ်တောင်ရှိနေပြီ...ဒီလောက်အကြာကြီး လိုင်းမသုံးဘဲ မနေပါဘူး ခင်ဗျားရဲ့ Fan တွေကလည်း Cmt မှာ စိတ်ပူနေကြပြီ.... Dreamy....Dreamy........"

သေချာတယ်...Dreamy တစ်ခုခုဖြစ်နေပြီ...၊

*******

လွန်ခဲ့သော ၂ပတ်က....

"ခင်ရေ.....ဟဲ့....မိခင်...."

"ရှင်...မေမေမြ......"

"အိမ်ရှေ့မှာ စျေးဝယ်မမြင်ဘူးလားး......."

"ရှင်...ဟုတ်...ဟုတ်ကဲ့"

"အမလေး....အလုပ်ကလေး တစ်ရက်နားပါတယ်.....အိမ်မှာဘာကူဖော်လောင်ဖတ်မှ မရဘူး....အိမ်ခန်းအောင်းပြီး ဒီ Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်...ငါတော့ ကြည့်မရတော့ဘူးနော် မိခင်....၊ ဟိုမှာ ညည်းညီမနဲ့ ညည်းအကိုအဝတ်တွေ လျှော်လိုက်ဦး.... တစ်နေ့တစ်နေ့ လူမမာကို ပြုစုရ...စားဖို့သောက်ဖို့ ချက်ပြုတ်ရ..၊ ပူပင်ရနဲ့ ဘယ်တော့များမှ ဒီ ဝဋ်က ကျွတ်မလဲ မသိဘူး....."

ဒေါ်မြနန္ဒာ၏ ညည်းညူသံများကို ခင် လှစ်လျူရှုထားလိုက်သည်၊ ခင့် နာမည်အပြည့်အစုံက အိမ်မက်သခင်ပါ...၊ နာမည်ကသာ သခင် လူကတော့ အားလုံး၏ အောက်ခြေတွင်သာ...၊ ငယ်ငယ်ကတည်းက အိမ်မှာကော ကျောင်းမှာပါ အနိမ်ခံဖြစ်ခဲ့သည်၊ ခင့် မေမေက ခင့်အသက် ၅နှစ်လောက်ကတည်းက ဆုံးပါးသွားခဲ့သည်၊ ထိုအချိန်တုန်းက ခင်တို့မိသားစု၊ အိမ်စီးပွားရေး အခြေအနေက အဆင်ပြေသေးသည်၊ ဖေဖေက ဦးဆောင်လုပ်ကိုင်နေခြင်း ဖြစ်သည်၊ အလုပ်တွေအရမ်းများသည့်ဖေဖေက ခင့်အတွက် အဖော်ရအောင် မေမေမြ(ဒေါ်မြနန္ဒာ) နှင့်လက်ထပ်ခဲ့သည်၊ ခင်ကလည်း ငယ်သေးတော့ ခင့်ကို ထိန်းကျောင်းဖို့ရန်လည်းပါသည်၊ မေမေမြမှာ ခင့်ထက်အသက် ၃နှစ်ခန့်ကြီးသည့် သားတစ်ယောက်ပါလာခဲ့သည်၊ အထီးကျန်နေသည့် ခင့်ဘဝကြီး အခုမှ မေမေ၊ကိုကိုတို့နှင့် ပြန်လည်ပြည့်စုံသွားပြီ ဆိုသည့် အတွေးနှင့် ခင်အရမ်းပျော်ခဲ့သည်၊ သို့သော် ခင့်အတွေးနှင့် တစ်ခြားစီ ဖြစ်ခဲ့သည်၊ မေမေမြနှင့် ကိုကိုက ခင့်ကိုလုံးဝမချစ်ခဲ့..၊ သူတို့ ၏မာန်မာန အတ္တကြီးမှုတွေအောက်မှာ ခင်ဘဝ မှေးမှိန် သိမ်ငယ်ခဲ့ရသည်၊ ဒါပေမဲ့ ခင့်အသက် ၁၄နှစ်မှာ ထင်မှတ်မထားဘဲ ခင့် ဘဝထဲကို မြူနှင်းသခင် ဆိုသည့် ခင့်၏ အဖေတူအမေကွဲ ညီမလေးတစ်ယောက်ဝင်လာခဲ့သည်၊ မြူနှင်းလေး မွေးပြီးသည့်နောက်ပိုင်းမှာ ခင့်ဘဝ အထီးကျန်မှုတွေ လျော့ကျလာခဲ့သည်၊ အိမ်မက်တွေ ရှိလာခဲ့သည်၊ ဖေဖေကတော့ မပြောင်းလဲသည့် အလုပ်နွံထဲတွင် နှစ်မြုပ်နေခဲ့သည်၊ မေမေမြနှင့် ကိုကိုကတော့ ဖေဖေရှာထားသမျှ စည်းစိမ်များကို သုံးဖြုန်းရင်း ပျော်ပါးနေကြသည်၊ ခင်ကတော့ မြူနှင်းလေးကို စောင့်ရှောက်ခွင့်ရသည့်အတွက် ကျန်တာတွေကို စိတ်မဝင်စားခဲ့ဘဲ ကျေနပ်ပျော်ရွှင်နေခဲ့သည်၊ ခင် ၁၀တန်းအောင်၍ တက္ကသိုလ် ပထမနှစ် စတက်မည့်နှစ်တွင် ခင်တို့မိသားစု၏ တံတိုင်းကြီး ပြိုလှဲခဲ့သည်၊ ဖေဖေ ကား Accident ဖြစ်၍ အောက်ပိုင်းသေသွားခဲ့သည်၊ အဲ့ဒီနောက်ပိုင်း ဖေဖေ ကျန်းမာရေးအခြေအနေကြောင့် ဖေဖေ့စီးပွားရေးကို မေမေမြနှင့် ကိုကိုက ဝင်ခြယ်လှယ်ပါတော့သည်၊ သိပ်မကြာလိုက်ပါ... လောင်းကစားမက်သည့် မေမေမြနှင့် ကိုကိုကြောင့် ခင်တို့ဘဝ အခုလိုအခြေအနေထိ ရောက်ရှိခဲ့ရသည်၊ သာမန် အိမ်ဆိုင်စျေးဆိုင်လေး တစ်ခုနှင့် တစ်နေ့လုပ်မှ တစ်နေ့စားရသည့် ဘဝရောက်ခဲ့ရသည်၊ ခင်လည်း တက္ကသိုလ်ကို Day ဆက်မတက်နိုင်တော့ဘဲ အဝေးသင်ပြောင်းကာ အိမ်စာရိတ်၊ မြူနှင်းလေး ကျောင်းစာရိတ်၊ ဖေဖေ့ဆေးကုသစာရိတ်တွေ အဆင်ပြေအောင်..၊ 24Hours Store များတွင် အချိန်ပိုင်း ဝင်လုပ်ခဲ့သည်၊ ကျန်သည့်အချိန်များကို ၁၀တန်းကလေးတွေကို Guide လိုက်ပြသည်၊ နောက်ပိုင်း အိမ်ထောင့်တာဝန်သည် ကိုကိုမဟုတ်ဘဲ ခင့်ခေါင်းပေါ်ကျလာခဲ့သည်၊ ကိုကိုကတော့ အခုချိန်ထိ ရသည့်အလုပ်လေးလုပ်လိုက် ရလာသည့်ပိုက်ဆံကို သောက်လိုက်စားလိုက်နှင့်သာ ကျင်လည် နေသည်၊ အခု ခင့်အသက် ၂၄နှစ်၊ မြူးနှင်းလေး ၁၀နှစ်၊ ခင်ဒီထက်ပိုကြိုးစားမှဖြစ်မည်၊ မကြာခင်မှာဘဲ မြူနှင်းလေးက အရွယ်ရောက်လာတော့မည်လေ..၊ မိန်းကလေးတစ်ယောက်၏ လိုအပ်ချက်တွေ မပြည့်စုံခဲ့သည့် ခင်အသိဆုံးဖြစ်သည်၊ မြူနှင်းလေးကိုတော့ ခင့်ဘဝလိုမဖြစ်စေချင်၊ ခင် ဖေဖေနှင့်မြူနှင်းလေးအတွက်ကြိုးစားမည်၊ နောက်ပိုင်း အခက်အခဲတွေနှင့် ကြမ်းတမ်းသည့် ခင့်ဘဝတွင် Online စာရေးခြင်းသည် ခင့်အတွက် အပန်းဖြေစရာ ကမ္ဘာလေးတစ်ခုဖြစ်လာခဲ့သည်၊ ခင် ၁၀တန်းအောင်၍ ဖေဖေ ဝယ်ပေးထားသည့် Laptop လေးနှင့် ခင့်၏ ဝါသနာ..အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့သည်၊ ခင့် အတွေ့အကြုံလေးတွေ ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ် ဖန်တီးဝေမျှရင်း အိမ်မက်သခင် (သို့) Dreamy ဆိုပြီး လူသိများလာခဲ့သည်။ ခင့် စာဖတ်ပရိသတ်တွေလည်း များလာခဲ့သည်၊ အပြင်လောကမှာ သူငယ်ချင်း မရှိသလောက်နည်းသည့် ခင်သည် Online မှာ လူချစ်လူခင်များပြီး Fan တွေများခဲ့သည်၊ ခင့်မှာ ဘာကြောင့် သူငယ်ချင်း မရှိလဲဆိုလျှင် ခင် တခြားလူငယ်တွေလို လည်ပတ်ပျော်ပါးဖို့ သူငယ်ချင်းတွေနှင့် ရုပ်ရှင်ကြည့် မုန့်စားဖို့ အချိန်လုံးဝမရှိခဲ့...၊ မနက်မိုးလင်းသည်နှင့် ခင့်အလုပ်နှင့်ခင် ပတ်ပြေးနေရသည်၊ သူငယ်ချင်းတွေကိုလည်း အချိန်မပေးနိုင်၊ ကြာတော့ သူငယ်ချင်းများ၏ အပေါင်းအသင်းစားရင်းမှ အပယ်ခံရသည်၊ ဒါပေမဲ့ ခင် ကျေနပ်ပါသည်၊ ခင့် ဖန်တီးထားသည့် ခင့်ကမ္ဘာလေးမှာ ခင်ပျော်နေပြီဖြစ်သည်၊ ဒါကတော့ ခင်၏ ပြီးခဲ့သည့် အတိတ်ဇာတ်ကြောင်းလေးဖြစ်သည်...၊ ခင်၏ လက်ရှိဇာတ်လမ်းလေးက အခုမှ စပြောရမည်.....၊ ခင့် Fan များထဲတွင် ထူးထူးခြားခြား ခင် သတိထားမိနေသည့် ကောင်လေးတစ်ယောက်တော့ရှိခဲ့သည်၊ သူက စကားပြောလျှင် ခပ်မာမာ၊ ခပ်ပြတ်ပြတ်လေး ပြောတတ်ပေမဲ့...၊ ခင့် ဇာတ်လမ်းလေးတွေကို အသေးစိပ်အစအဆုံး သေချာဖတ်ပြီး လိုအပ်ချက်များ ဝေဖန် ထောက်ပြနေတတ်သည့် သူဖြစ်သည်၊ Facebook ပေါ်တွင် ခင့်ပုံတစ်ခါမှ မတင်ဖူးသလို...၊ သူကလည်း သူ့ပုံကို တစ်ခါမှမတင်ခဲ့...၊ ခင်နှင့် မကြာခနစကားပြောဖြစ်ရင်းနှီးနေပင်မဲ့ တစ်ယောက်နှင့်တစ်ယောက်တွေ့ဆုံဖို့ တစ်ခါမှ မချိန်းဆိုဖူးခဲ့ကြပါ၊ ဒါ့အပြင် အပြန်အလှန် ဓါတ်ပုံတောင် မလှဲလှယ်ဖူးကြ၊ ခင် အရမ်းစိတ်ညစ် စိတ်ဓါတ်ကျနေသည့်အချိန်မျိုးဆိုလျှင် သူက ဂရုတစိုက်ခင့် စကားတွေနားထောင်ပေးပြီး ဝေဖန် အကြံပေးတတ်သေးသည်၊ အနည်းဆုံးသူနှင့် စကားပြောလိုက်ရလျှင် ခင့် စိတ်တွေ ပြန်လည်တက်ကြွလာပြီး အားအင်တွေ ပြည့်လာသလို ခံစားရသည်၊ သူက ခင့်ထက်အသက်ကြီးပြီး အတွေ့အကြုံတွေများ၍ ရင့်ကျတ်သည့် သူတစ်ယောက်ဖြစ်မည်၊ ခင် သူ့အကြောင်းကို ဘာမှသေချာမသိ၊ သူ့ကို မမြင်ဖူးပင်မဲ့ ခင့်စိတ်ထဲမှာ ရင်းနှီးပြီး လေးစားနေမိခဲ့သည်၊ နောက်ပိုင်း ခင် အလုပ်နှင့်ပတ်သတ်သည်ဖြစ်စေ၊ အကြံဉာဏ်လိုအပ်နေသည့်အချိန်ဖြစ်စေ သူ့ကို တိုင်ပင်တတ်လာသည်၊ သူကတော့ ခင့်အမေးများကို အချိန်မရွေး စိတ်ရှည်လက်ရှည် ဖြေပေးနေတတ်သည်၊ သူ့ဘက်က အဲ့ဒီထက်တော့ ဘာမှ မပိုခဲ့.....၊ ခင်ကကော ဘာတွေထပ်ပြီး မျှော်လင့်မိနေပြီလဲ...၊ သူ့နာမည်က သက်ပိုင်ရှင်မင်း.....၊

The Bride Of King Timer (စ/ဆုံး)Where stories live. Discover now