နန်းမွေ့စံ ခရီးစဉ်နောက် လိုက်တာမောင်သိရင်စိတ်ဆိုးမလားမသိ...
ခုတလော ဆက်ဆံရေးတွေကျဲနေသောမောင်နှင့်သူမအကြောင်း.အဖုအထစ်တွေမရှိစေချင်တော့ပါ.......
ခရီးစဉ်က တောင်ကြီး အင်းလေးဘက်သို့ဖြစ်သည်။
သူမကတော့ကလေးတွေနဲ့အတူ mini bus လေးဖြင့်လိုက်ပါခဲ့သည်။ကိုကြီး နှင့်တခြား ဆရာ ၂ယောက်ကတော့ ကိုကြီးရဲ့ Highlander ကား အဖြူလေးပေါ်တွင်လိုက်ပါခဲ့သည်။
ခရီးစဉ်တစ်လျောက်လုံး
သီချင်းတွေဆိုကြ ဂိမ်းတွေဆော့ကြဖြင့်.... ကားလေးထဲမှကျွတ်ကျွတ်ညံလျှက်
ပထမဆုံးသူမတို့ ညောင်ရွှေသို့အရင်သွားကြသည်။သူမတို့အဖွဲ့ အတွက် လှေ အကြီး ၂ စီးငှါးရသည်။
ဒိတစ်ကြိမ်တော့သူမကိုကြီးနှင့်တူတူထိုင်ရသည်။ကြောင်ခုန်ဘုန်းကြီးကျောင်းတွင်ကြောင်တွေမခုန်တော့တာသူမနှင့်ကိုကြီးဆွေးနွေးဖြစ်ကြသည်။....
တကယ်ဆို culture တစ်ခုပျောက်သွားတာစိတ်မကောင်းစရာဖြစ်သည်။
အရင်ကခုန်တဲ့ကြောင်တွေသေကုန်ပြီး နောက်ပေါက်ကြောင်တွေကိုမသင်ခဲ့မိတဲ့အတွက်ကြောင့်ဖြစ်သည်ဟုကျောင်းထိုင်ဆရာတော်ကမိန့်ဆိုသည်။
ကြောင်အတော်များများတွေ့ရပေမဲ့ အပျင်းခပ်ထူထူကြောင်များသာရှိတော့သည်။
ကယန်းရွာမှာလည်း အရင်လိုကယန်း အစစ်တွေမဟုတ်
လူလာတုန်းသာခဏအလှပြထားသည့် ကယန်းမခပ်ငယ်ငယ်လေးများသာတွေ့ရသည်။အလိုတော်ပေါက်ဘုရားရှိဆိုင်တန်းများတွင်
ဓားတွေ၊ ဒူးတွေ စိတ်ဝင်တစားဝယ်နေသော ကိုကြီး ကို တအံ့တဩကြည့်မိသည်။သူ့ပုံကြည့်တော့လည်း ရှမ်းဘောင်းဘီ ရှမ်းအင်္ကျီ လှေဆိပ်က ဝယ်လာသော ၂၀၀၀ တန်ဦးထုပ်ဖြင့်သာ
ဘာမှထွေထွေထူးထူးဝတ်ဆင်ထားခြင်းမရှိသောကြောင့်သူ့ပုံစံက ပုံမှန်ထက်ပေါ့ပါးနေသည်။
အသက် ၃၀ ကျော်သော်လည်း....ချမ်းချမ်းသာသာနေရသော ပတ်ဝန်းကျင်အနေထားကြောင့်လား၊ နဂိုအသွေးမွေးကြောင့်လားမသိ သူ့ပုံစံက ၂၀ ကျော်သာသာဟုသာထင်ရသည်။
VOCÊ ESTÁ LENDO
More Than Love (အချစ်ထက်ပိုသော)
Romanceအချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွားေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမဲ့ မေတ္တာစစ်ကသာထာဝရအေးချမ်းမှုကိုပေးနိုင်ပါလိမ့်မယ် ဒီလိုရှားရှားပါးပါးမေတ္တာစစ်တွေကိုပေးတက်တဲ့ လူတစ...