37

11K 1.7K 91
                                    

ရာဇာတို့ သစ်သားအိမ်လေးက လူစည်နေသည်။ အာကာက အဖိုးဖြစ်သူနှင့် အိမ်သို့ ရောက်ရှိလို့လာသည်။ တစ်ခုတည်းသော ထိုင်ခုံအမြင့်ကို အိမ်ခေါင်းရင်းတွင် အဖိုးအတွက် ချပေးလိုက်ရ၏။

အာကာ့ကို ကြည့်ရတာ အခြေအနေကို နားမလည်သည့်ပုံပင်။ ဘဝမှာ အမှန်ကန်ဆုံးသော လုပ်ရပ်က အဲ့ဒီညမှာ သူ အာကာ့လက်က လွတ်အောင် ရုန်းခဲ့ခြင်းပင် ဖြစ်သည်။ သူသာ မထိန်းချုပ်နိုင်ခဲ့ပါက။ အတွေးနဲ့တင် ဦးနှောက်တစ်ခုလုံး ထုံကျင်လာသည်။

"တောင်းပန်ပါတယ် ဖေဖေ"

ဗလာသပ်သပ် စိတ်နဲ့ ကြည့်နေပေမဲ့ အရာရာက ဝေဝေဝါးဝါးပဲ။ အမေက အဖိုးဖြစ်သူရဲ့ ခြေဖမိုးပေါ် လက်အုပ်တင်ပြီး ကန်တော့နေတာ။

"သားငယ်!!"

အမေ့ ငိုသံတွေကြားမှာ အာကာ့အမေအသံက ထိတ်လန့်စွာ ထွက်ပေါ်လာသည်။ သူလှည့်ကြည့်တော့ အာကာက သူ့ကို ငိုင်ကြည့်နေတာ။

"အာကာ ဒါက.."

သူ ရှင်းပြရန် ရှေ့တစ်လှမ်းတိုးလိုက်တော့ အာကာက နောက်သို့ တစ်လှမ်းဆုတ်သည်။ အာကာက သူ့မျက်နှာသူ တစ်ချက်ပွတ်ကာ ဆံပင်တို့ကို ဆွဲဆုပ်ထား၏။ နီရဲတက်လာသော မျက်ဝန်းများဖြင့် တစ်အိမ်လုံးကို ဝေ့ကြည့်ကာ ခေါင်းကို ခြောက်ခြားစွာ ခါယမ်းသည်။

"မဟုတ်ဘူးလို့ ပြောစမ်းပါ ကျွန်တော့်ကို အဲ့လို မဟုတ်ဘူး ပြောစမ်းပါ"

အသံတိုးတိုးလေးနှင့် ကြောက်လန့်တကြား အာကာက သူ့အား တောင်းဆိုသည်။ ပြိုတော့မည့်မိုးလို မျက်နှာက မဲ့ကျလာသည်။ သူ့မျက်နှာသူ အချက်ပေါင်း များစွာ ပွတ်သပ်နေသည်။ နောက်တော့ လက်သီးဆုပ်ကာ သူ့လက်သူ ကိုက်ခဲနေပြန်သည်။

"အာကာ ငါတို့ နောက်မှပြောရအောင်။ လူကြီးတွေနဲ့"

အာကာ ဘယ်လောက်ထိ နာကျင်နေရကြောင်းကို သူ့အား ကြည့်လာသည့် မျက်ဝန်းများမှ တစ်ဆင့် ခံစားလိုက်ရသည်။ သူသိပါသည်။ အာကာ ဘယ်လောက်ထိ ခံစားနေရမလဲ ဆိုသည်ကို။ သို့ပေမဲ့ ဒါက အမှန်တရား တစ်ခု ဖြစ်နေခဲ့သည်ပဲ။

"ဘာဖြစ်တာလဲ သားငယ်"

သူ့အား ကြည့်နေသည့် အာကာ့ကို တားဆီးသည့် အနေဖြင့် ခေါင်းခါပြလိုက်သည်။ ပလိစ့် အာကာ။ ဒါက လူကြီးတွေ သိသင့်တဲ့ အရာမဟုတ်ဘူး။ အာကာက နာနာကျင်ကျင် ခေါင်းမော့ကာ တစ်ချက်ပြုံးလိုက်သည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Where stories live. Discover now