Chapter 14 - ကိုကိုငှက်ကိုဝင်ခွင့်ပေး .. လိမ္မာတဲ့ကောင်လေး (NSFW)

5.6K 523 22
                                    

သူ့ဗိုက်ကလေး ပြည့်လို့ကျေနပ်သွားတဲ့အခါမှာတော့ ၀ူရှင်းကျီ စားပွဲကိုသန့်ရှင်းသိမ်းဆည်းပြီးတော့ ပန်းကန်တွေကိုဆေးကြောပါလေ၏ ။ သူကလက်ဖက်ရည်ကြမ်းဖျော်ဖို့အတွက်ရေနွေးတအိုးတောင် တည်ထားလိုက်သေးပြီး သူအဲ့လိုမလုပ်ခင်မှာ ကွမ်းရှန်ကျင်းဒီကိုဘာအတွက်ကြောင့်လာခဲ့တယ်ဆိုတာ ကိုမေးဖို့သတိရသွားခဲ့သည် ။

" စစ်သူကြီးကွမ်း "

" ဟိုင်ဝမ် . " ကွမ်းရှန်ကျင်းကရေနွေးပူပူတခွက်ကိုသောက်လိုက်ရင်း သူ့စကားကိုဖြတ်ပြီးတော့ပြောလာသည် ။ " ခင်ဗျားရဲ့အိမ်ခေါ်ငယ်နာမည်က ? "

" အာ .. ကျွန်တော်မှာအဲ့လိုမရှိပါဘူး ။ ကျွန်တော်တို့ဆီမှာက ဒီလိုမျိုးသပ်သပ်စီမှည့်ခေါ်လေ့မရှိကြဘူးလေ " အမှန်တကယ်တော့ သူကျောင်းစတက်ပြီဆိုသည်နှင့် သူ့ကိုကျောင်းအမည်တခုပေးခဲ့သင့်တာဖြစ်လေ၏ ။ သို့ပေမဲ့ အကြောင့်ပြချက်တချို့ကြောင့် သူ့အဖေကဒီကိစ္စကိုအရေးတယူလုပ်ခြင်းနည်းနည်းတောင်မရှိခဲ့တာကြောင့် သူ့ရဲ့ဒီအမည်ကိုပဲအစားထိုးခေါ်ခဲ့ခြင်းဖြစ်သည် ။ ရွာထဲကလူတွေကတော့ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီးဘာမှ ရေးကြီးခွင်ကျယ်လုပ်မနေကြ ။ ထို့ကြောင့်သာပဲ ဒီကိစ္စကဒီလိုနဲ့ပြီးသွားခဲ့လေ၏ ။

" အွန်း . " ကြည့်ရသည်မှာသူကရေနွေးကြမ်းနဲ့ပတ်သတ်ပြီးတော့သိပ်ကျေပ်ပုံမရ ။ ကွမ်းရှန်ကျင်းက တစ်ငုံသောက်ပြီးတော့ခွက်ကိုပြန်ချထားလိုက်သည် ။ ထို့နောက်သူ့ကိုကြည့်ပြီး မေးလာခဲ့သည် ။

" ခင်ဗျား ဘာလို့ဘာမှမပြောပဲထွက်သွားရတာလဲ "

ဘာမှမပြောပဲထွက်သွားတာဆိုတာ .. ?

ဝူရှင်းကျီ သူ့ကိုနားမလည်သည့်အကြည့်ဖြင့်ပြန်ကြည့်လိုက်မိသည် ။ သူကဒီမေးခွန်းကိုရှင်းရှင်းလင်းလင်းကို နားမလည်လေဘူး ။ ဒါကကွမ်းရှန်ကျင်းကိုပိုပြီးတော့မပျော်မရွှင်ဖြစ်စေတာကြောင့်သူ့မျက်ခုံးတွေတွန့်သွားစေသည် ။ သူ့ရဲ့သွယ်လျသည့်လက်ချောင်းလေးတွေလဲစားပွဲမျက်နှာပြင်လေးလေးပင်ပင်တတောက်တောင်ခေါက်နေတာက အသံထွက်လာသည့်အချိန်တိုင်း ၀ူရှင်းကျီနှလုံးသားလေးတောင်လှုပ်ခတ်နေတော့သည် ။

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Où les histoires vivent. Découvrez maintenant