" ခ ပစ္စည်းတွေသိမ်းပီးပီလား မြန်မြန်လုပ် ကားနောက်ကျဦးမယ် "
သီဟ တို့အခန်းပြောင်းမယ်လုပ်တော့အသစ်ရတဲ့နောက်တခန်းကံကောင်းစွာနဲ့ ခ တို့ရဲ့ဘေးချင်းကပ်အခန်းဖြစ်နေတယ်
မနက်ပိုင်းထွက်မဲ့ကားကိုလက်မှတ်ဖြတ်ထားတာမို့လို့ ညတည်းကသိမ်းစရာရှိတာတွေသိမ်းထားပေမဲ့ ပြန်ခါနီးပစ္စည်းတွေသေချာပြန်စစ်ရသေးသည်သီဟတို့ဘေးခန်းကနေလှမ်းအော်တာကြောင့် ခ အခန်းရှေ့ထွက်လားပီး
" ဘာတွေလာအော်နေတာလဲ စောစောစီးစီးဆူညံနေတာပဲသူများအခန်းတွေအားနာဦး"
သီဟရဲ့အော်သံကြောင့်တခြားအခန်းကလူတွေကိုတောင် အားနာမိသည် အခုမှ ၅နာရီပဲရှိသေးတယ် ဒီကိုလာတဲ့သူတွေကအပန်းဖြေဖို့လာကြတာမှတ်လား ဒီချိန်အစောကြီးဘယ်သူမှထကြဦးမှာမဟုတ်
" ငါကမင်းတို့မပီးသေးမှာစိုးလို့ပါ မြန်မြန်လုပ်ကြ ပီးရင်သွားမယ်"
"မင်းတို့ကရောပီးပီလား မောင် အဲ.... သူရရေချိုးနေလို့ ပီးရင်ထွက်လို့ရပီ "
မောင်ဆိုတဲ့အသုံးအနှုန်းကို သူတို့နှစ်ယောက်ကြားမှာသုံးတာအဆင်ပြေပေမဲ့ သီဟတို့ရှေ့မှာကျရှောင်သင့်တယ်မှတ်လား သီဟလည်းကြားပေမဲ့မသိချင်ယောင်ဆောင်နေပေးလိုက်တယ် သူ့သူငယ်ချင်းရဲ့ဖြစ်တည်မှုကိုလက်ခံပေးထားပီးသားပဲမှတ်လား အရာရာလိုက်ပြောနေဖို့ကျအဆင်မပြေနိုင်ဘူးလေ ဒီလောက်ကတော့ဘာမှမဖြစ်သလိုပဲနေလိုက်တယ်"အေးအေး အဲ့တာဆိုလည်းမြန်မြန်လုပ်ပီးရင်ဟိုဟာဝယ် ဒီဟာဝယ်နဲ့ကြာဦးမှာ တော်ကြာ ကားမမှီလို့လမ်းလျှောက်ပြန်နေရဦးမယ်"
သီဟ တယောက်မနက်စောစောပွစိပွစိလုပ်နေသည်
"အေးပါကွာ မိန်မကြီးကျနေတာပဲ ငါ့အမေတောင်မင်းလောက်ကိုမမှာဖူး "
"ဘော မိန်းမလား သွားတော့မယ် အဆင်သင့်လုပ်ထား"
သီဟ တယောက်သူ့ကိုမိန်းမကြီးလို့ပြောလိုက်တာနဲ့ချက်ချင်း မျက်နှာကြီးရဲလာပီး ခ ကိုအော်ပီးသူ့အခန်းထဲကိုပြန်ဝင်သွားလိုက်သည်" မောင် ပီးပီလား ရေချိုးတာကြာလိုက်တာ စောစောစီးစီးအအေးပတ်ဦးမယ် ရော့ ဒီမှာသဘက် သေချာသုတ် အိပ်ရာပေါ်မှာအကျီထုတ်ထားတယ် အဲ့တာပဲယူဝတ်လိုက်တော့နော် ခ ပစ္စည်းတွေအကုန်သိမ်းလိုက်ပီမို့လို့"
ခ တယောက် မောင်ရေချိုးခန်းထဲကထွက်လာတည်း မောင်ကိုမရပ်မနား ဂရုတစိုက်မှာတမ်းခြွေနေသည် အရင်က ခ ကိုစိတ်တိုလွယ်ပေမဲ့ အခုလိုကျဂရုစိုက်နေလိုက်တာများလူစာထိုးထားသလားမှတ်ရတယ်
"ကိုယ့် ချစ်သူလေးက သေချာထုတ်ပေးထားတာပဲမောင်ကဝတ်မှာပေါ့"
သူရ အနားကပ်ပီးပြောလာတဲ့စကားကြောင့် ခ နားရွက်လေးတွေနီသွားသည် ခ မောင့်ကိုတံတောင်နဲ့လှမ်းထိုးလိုက်ပီး မောင့်ကိုယ်နားကခွာကာ ပစ္စည်းတွေကိုအပြင်ထုတ်ဖို့လုပ်နေလိုက်သည် ရှက်သွားတဲ့ ခ ကိုကြည့်ပီး သူရ တချက်ပြုံးလိုက်မယ် ခ ကိုယ်တိုင်ထုတ်ပေးထားတဲ့အကျီလေးကိုဝတ်ပီး အခန်းပြင်ဘက်ကိုထွက်လာလိုက်တယ်
YOU ARE READING
ကျွန်တော်ချစ်သောမောင့်ကမ္ဘာ
Romanceရွေးချယ်စရာတွေများတဲ့ကမ္ဘာကြီးထဲမှာပိုကောင်းတဲ့အရာတွေရှိနေခဲ့ရင် တောင်မောင့်ကိုပဲအမြဲရွေးမယ်