ရေစကြိုမြို့နယ် ဖူလုံရွာ ။
မန္တလေးမြို့ကြီးနှင့်မတူစွာ သစ်ရိပ်သစ်နွယ် တို့ကနေလေပြေအေးတို့တိုက်ခတ်တော့ ဆောင်းဦးအအေးဓာတ်ကိုပိုမိုခံစားရသည် ။
တစ်နေကုန်ကားစီးလာရသည်ကြောင့် အသက်ရွယ်ရလာသည့်လူကြီးတစ်ယောက် အနေနဲ့ပင်ပန်းမှုကသိသိသာသာ ။ ရောက်ရောက်ချင်းပစ္စည်းတွေချကာ ခဏနားသည် ။ ထိုနောက်ရေမိုးချိုးပြီး
ညီမငယ်ချက်ပြုတ်ပေးသော ညနေစာကို
အရသာရှိစွာစားသုံးပြီး မှောင်ရီပျိုးတော့
အိပ်စက်အနာယူချိန်ရောက်လင့်ပြီ ။ မြေးငယ်လေးဆီရောက်ရောက်ချင်းက ဖုန်းဆက်ပြီးသည်မို့ ယခုနောက်တစ်ခါ ထပ်မဆက်တော့ပါ ။ ငယ်သူလေးမို့ စိတ်ထဲကောင်းစွာမချမိပေမယ့် ရှိုးက စောင့်ရှောက်ပေးမည်ဟု ဆိုသောကြောင့်
အများကြီးစိတ်သက်သာရပါသည် ။ ရှိုးကို
ယုံသည် ။တီ တီ တီ တီ >>>>
တရားမှတ်ကာအိပ်ပျော်ဖို့ကြိုးစားနေဆဲမှာ
ဖုန်းမြည်သံကြောင့်ထကြည့်ရသေးသည် ။
ဖုန်းဆက်သူကမြေးငယ်လေးဖြစ်တာကြောင့်
သတိတရနှင့်ကိုင်လိုက်သည် ။📞 မြေးငယ်လေးပါလား
ဘကြီးသတိရနေတာ📞📞တူတူပဲ သားဆို အိပ်မပျော်ဘူး
ဒါနဲ့ အမေရော ဖုန်းဆက်တာမကိုင်ဘူး📞📞 မြေးလေးအမေဘုရားဝတ်ပြုနေတာ📞
📞အဲဒါကြောင့် မကိုင်တာကိုး
သားကသတိရလို့ အမေ့ကိုတွေ့ချင်လိုက်တာ
မတွေ့ရတော့အသံလေးပဲဖြစ်ဖြစ်ကြားချင်တာ📞📞 ဟုတ်ပါပြီ ခဏနေ ဘကြီးပြန်ခေါ်ခိုင်းလိုက်မယ်နော် 📞
📞 ဟုတ်📞
📞 ဘယ်လိုလဲ ဘကြီးမရှိလည်း အဆင်ပြေတယ်မလား 📞
📞ပြေတယ် ဘကြီးရဲ့
သားဟိုစက်ကြီးတွေနဲ့တက်ရဲဆင်းရဲသွားပြီ 📞📞 တကယ်... ဘကြီးမြေးလေးက
တော်လိုက်တာ ဒီနေ့ရှိုးနဲ့လိုက်သွားတယ်ပေါ့ 📞📞 ရုတ်တရက်အလုပ်ပေါ်လာလို့ဆိုပြီး
သားပါလိုက်သွားရတာ အဲတာသားကို
အဆင်းအတက်အခေါက်ပေါင်းများစွာပဲ
ဟိုစက်ရောဒီစက်ရောတလှည့်စီ
လူကိုမောလို့ 📞