ရေငင်နေသူကတော့ြဖင့် ဘာမှမသိရှာပေ။ သီချင်းတအေးအေးြဖင့် ရေငင်နေသူအနားတိုးကပ်ကာ ဧည့်သည်ရောက်နေကြောင်းပြောလေတော့ ကိုကိုက ရုတ်တရက် လန့်သွားတာကြောင့် လက်ထဲကဆွဲထားသည့် ရေပုံးက ရေအပြည့်ြဖင့် ရေတွင်းထဲ လွတ်ကျလေတော့ ကြိုးကမေးရိုးကိုလာရိုက်တာကိုရှောင်လိုက်တာမို့ ကိုကို့ပါးပြင်နှင့်မေးရိုးအစပ်နားတွင် အနီစင်းကြီးက ရုပ်ဆိုးစွာ ထွက်ပေါ်လာတော့သည်။
ကြိုးကိုမီရာနေရာမှလိုက်ဆွဲတော့ လက်ထဲတော့မိပါရဲ့။ လက်ကလေးကစုတ်ပျက်သတ်သွားမှာတော့ ဗေဒင်တွက်စရာပင်မလိုအပ်လှပါ။
အဝတ်လှမ်းထားရာနေရာမှ ပုဆိုးထစ်ထည်ကိုကောက်ခြုံကာ လက်နှင့်ခြေတို့ရေဆေးြပီး အိမ်ပေါ်တက်လာတော့ ဖျာချောပေါ် ထိုင်နေနှင့်သော ဧည့်သည်တစ်စုက သူနှင့်ထွေးကို လိုက်ကြည့်နေသော ဧည့်သည်များဟာ သူတို့ကို တစ်ခါမျှ မမြင်ဖူးသူများလို။
" ဘာြဖစ်တာလဲ "
ဖျာက တစ်ချပ်သာရှိတာမို့ သူနှင့်ထွေးက ကြမ်းအလွတ်ပေါ်ဝင်ထိုင်ချိန်ဝယ် သူေဋ္ဌးသားထံမှ စကားစကထွက်လာလေသည်။ ကိုကို့မျက်နှာမှ အကြည့်မလွှဲသော ထိုသူေဋ္ဌးသားက အခုလည်း ြမင်ပြန်ပြီ။
" ရေငင်ကြိုးနဲ့ရိုက်မိရုံပါ ြပီးကျရင် ြခံထဲက ကြိတ်မှန်ရွက် ထုညှစ်ပြီးထည့်လိုက်ရင် ကောင်းသွားမှာပါ "
" အမာရွက်ထင်နေမပေါ့ ... ဒီမယ် အင်္ဂလိပ်ဆေးဆိုင်မရှိဘူးလား "
" ရပါတယ် .. လာရင်းကိုသာပြောပါ သူေဋ္ဌးကြီး "
သူ့အားအသာလက်ကုတ်လာသော ကိုကို့ကြောင့် စကားစကိုြဖတ်ကာ မေးရမြန်းရပြန်၏။ နည်းနည်းတော့လည်းစိတ်ပူသည်။ တစ်ဖက်ကတွေးပြန်တော့ အိမ်ထိရောက်ချလာတာမို့ သူတို့အတွက် ကောင်းသည်ဆိုရမလို၊ ဆိုးသည်ပြောရခက်နေသည်။
" အိမ်ကိုရောက်လာကြတယ်ဆိုလို့လေ ... ကျုပ်ကတော့ တခြားပြောစရာတော့မရှိဘူးရယ်... တူကြီးနဲ့တူမကြီးတို့က ဘာများပြောစရာရှိလို့လဲ "
" ကျုပ်တို့ကို ပြန်ရောင်းလို့ရမလား "
တုန်ရင်နေသည့်လက်တစ်စုံက သူ့လက်ကိုလာဆုပ်ကိုင်တာမို့ ကြည့်လိုက်တော့ကိုကို့လက်။ အေးခဲနေသည့် အထိအတွေ့သည် သူ့အစိတ်အစဥ္ကိုပါ အေးခဲတော့မလိုပါ။ သိချင်နေသည့်စိတ်ကတော့ တစ်ရွေးသားမှမလျော့ပါလေ။
YOU ARE READING
အိုဘယ့်မှုံရွှေရည်(Completed)
RomanceStart Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင်ရှင် ဇာတ်ဆရာကြီးက ဆုံးပါးသွားလေတယ်။ အဲ့ဒါနဲ့ ဇာတ်ဆရာကြီးရဲ့ ညီဖြစ်သူက သူေဋ္ဌးတစ်ယောက်ကို ရောင်းလိုက်ပြီး ထွက်ပြေးသွားပါလေရောပေါ့ကွယ်။ သူေ...