16.3K 1.1K 123
                                    

ဒီနေ့က AOTM Final Extra Part တင်ပြီး ဆယ့်တစ်လပြည့်ဖို့ ဆယ်ရက်အလိုပါ။ စာအုပ်ထုတ်ပြီးမှ မနေနိုင်လွန်းစွာ ပြောပြချင်လာမိတဲ့ သူတို့ရဲ့ အကြောင်းကို ဟိုမှာလဲ ထပ်မထည့်ချင်တာမို့ သက်သက်ပဲ တင်လိုက်ပါတယ်။ အဲ့တော့ ဟို Ending ရဲ့ အဆက်လို့တွေးချင်လဲ ရသလို၊ မတွေးချင်လဲရပါတယ်။ Special Episode ဆိုတဲ့အတိုင်း အများကြီးတော့ ရေးပေးထားတာပါ။ စာလုံးရေ 11100 ကျော်ပါတယ်။ Ending ပေါ့သွားပြီတို့ ဘာတို့ ထင်ချင်လဲထင်ပါ။ စာအုပ်ထုတ်ပြီးတာမို့ ဟန်တော့ ကျေနပ်စိတ်တို့ ဖိတ်လျှံနေတာပါပဲ။ Cover ရော အထဲကပုံလေးကရော ကိုယ့်ကိုယ်ပိုင်စာအုပ်အဖုံးနဲ့ Bookmark လေးကိုသုံးထားရတော့ ပျော်နေတာပဲ။ ကဲ .. ဟျွန်းဟာ ဆူးလ်ဆီပြန်လာပြီး .. ဒီလိုတွေ ရှင်သန်နေကြပါတယ်။

Aphrodite Of The Moon

ဘာသာရေးပွဲတော်သည် ခုနစ်ပြည်ထောင်အနှံ့ မကြာခဏကျင်းပလေ့ရှိကြသည့် ပွဲတော်တစ်ခုဖြစ်သည်။ နတ်ဘုရားကိုးကွယ်မှု များပြားလာသည်နှင့်အမျှ ဆုတောင်းသူများ များပြားလာသည်။ ရုပ်ထုများ၊ ပူဇော်ပွဲများ ပြုလုပ်ကြပြီး မင်းမျိုးမင်းနွယ် မိဖုရားတို့က အဓိက ဆင်နွှဲလေ့ရှိကြသည်။

ဂင်မင်းသမီးသည် ထိုသို့သောပွဲများကို ဝါသနာထုံသည့်သူဖြစ်ရာ သူမနှင့် သွားဖော်သွားဖက် ဂျူးမင်းသမီးနှင့်အတူ မကြာခဏ ဆုံရလေ့ရှိသည်။ ဂန်တိုင်း၏အရှင်မ ဂန်ဆူးလ်ဂီ ခုနစ်ပြည်ထောင်ကို စိုးစံရသည့်အခါ ပွဲတော်များကို ကိုယ်တိုင်ကြီးကြပ်ပေးခဲ့တာမျိုး မရှိခဲ့ပေ။ သို့သော် သူ၏မိဖုရား ဘယ်ဂျူဟျွန်းကို ပြန်တွေ့ပြီးနောက်တွင်တော့ မိဖုရား၏အလိုအရ ပွဲတော်များသို့ အာရုံပေးလာသည်။ နတ်ဘုရားမများ၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာကြသူများဖြစ်ရာ ခုနစ်ပြည်ထောင်မင်းသမီးတို့သည် နတ်ဘုရားတို့အား အလွန်ပင်ယုံကြည်ကြသည်။

ဂင်တိုင်း၏ အဓိကကိုးကွယ်သည့်နတ်ဘုရားမမှာ Aphrodite ဖြစ်ပြီး၊ ဂျူးတိုင်း၏ အဓိကကိုးကွယ်သည့်နတ်ဘုရားမမှာ Hera ဖြစ်သည်။ ယန်တိုင်းသည် ရှင်းမ်ချန်းမင်းသား နန်းတက်ပြီးသည့်နောက်ပိုင်း လနတ်ဘုရားမအား ကိုးကွယ်လာကြသည်။ ပွဲတော်သည် ယခုနှစ်၌ ခုနစ်ပြည်ထောင်ဘုရင်မကိုယ်တိုင် စီစဉ်ပေးသည့်ပွဲတော်ဖြစ်သည်မို့ ပုံမှန်ထက် ပို၍စည်ကားနေသည်။

Aphrodite Of The Moon [Special Episode]Where stories live. Discover now