”ငါတို့ကွာရှင်းရအောင် ဒီရာ ”
မောင့်ရဲ့ ကွာရှင်းရအောင်ဆိုတဲ့ စကားသံကြောင့်
တုန်လှုပ်မိတယ်။မောင်ဖောက်ပြန်နေတာ သိပင်မဲ့
အချိန်တန် သူ့စီသာပြန်လာလိမ့်မယ်လို့ ထင်ခဲ့တာ
သူမှားပြီလား။”မောင် ဘာဖြစ်နေတာလဲ မောင်ရယ်
မောင်စိတ်ဆိုးနေတယ်ဆိုလည်း ဒီရာချော့မယ်လေ ”မောင့်လက်ကလေးကို ကိုင်ပြီး ပြောတော့
မောင် ကလက်တွေကို ဖြုတ်ချကာ
ကျွန်တော့်ကို စိုက်ကြည့်ပြီး”ငါ သစ္စာ ကို လက်ထပ် ချင် လို့ မင်းကွာရှင်းပေး”
မောင်ရယ် ပြောရက်လိုက်တာ မောင့်ကိုချစ်လွန်း
လို့ လက်ထပ်ခဲ့တဲ့ ကျွန်တော့်ကို အခုတော့
လွယ်လွယ်စွန့်ပစ်နေပြီ ။တခြားမိန်းမတစ်ယောက်အတွက်နဲ့ပေါ့
သစ္စာ ဆိုတဲ့ ကောင်မလေးနဲ့ မောင်ဖောက်ပြန်
နေတာ ခြောက်လလောက်တောင်ရှိတော့မယ်။မောင်နဲ့ကျွန်တော် တွဲခဲ့တာ လွန်ခဲ့တဲ့ သုံးနှစ်လောက်
ကတည်းက အခုမောင်က သုံးနှစ် သံယောဇဥ်ကို
မထောက်ပဲ ခြောက်လတည်း တွေ့ဖူးတဲ့
ကောင်မလေးနဲ့ လက်ထပ်မယ်တဲ့လား ။”မောင် ပြောတော့ ဒီရာ ကို ချစ်တယ်ဆို ”
မောင့်မျက်နှာလေးကို ကိုင်ပြီးမေးတော့
မောင်က တဖက်ကို မျက်နှာလွှဲသွားတယ်”ငါ သစ္စာ ကိုပဲချစ်တယ် ”
စားပွဲပေါ်က ဖုန်းလာတာကြောင့် ကြည့်လိုက်တော့
မောင့်ရဲ့ ဖုန်း
Contact မှာ အသဲလေး တဲ့ရင်တွေကွဲနေပါပြီမောင်ရယ်
”ဟယ်လို ”
”ကိုကိုမလာသေးဘူးလား
သစ္စာ စောင့်နေတယ်လေ ””ကိုကိုလာခဲ့မယ် သဲလေး ”
ကားသော့ကောက်ဆွဲနေတဲ့ မောင့်ကို
ဖက်ပြီး”မသွားပါနဲ့ မောင်ရယ် ဒီရာမောင့်ကို
ပြောစရာရှိသေးတယ် မောင်ရဲ့ ”မောင်က စကားနားမထောင်နဲ့
ဆောင့်တွန်းလိုက်တော့ ဗိုက်ကို စားပွဲခုံစောင်းနဲ့
ထိမိသွားတယ် ။
YOU ARE READING
You Broke Me Firts!
Roman d'amour"လက်လွှတ်ခဲ့ပြီးမှ ဘာလို့ရယူဖို့ကြိုးစားနေရတာလဲမောင် " ဒီရာနို "အမှားတွေ အကုန်လုံးအတွက်မောင်ပေးဆပ်မှာမို့ အနားကိုပြန်လာခဲ့ပေးပါ မောင့်အတွက်မင်းမရှိရင် မဖြစ်လို့ပါ " ...