[Zawgyi Version]
" ရေချိုးပြီးရင် နွေးနွေးထွေးထွေး နေ ။
မဖျားစေနဲ့ဦး "လီ ရှန့် ၏ ရှည်သွယ်ပြီး အချိုးအဆစ်လှပသော
လက်ချောင်းလေးများသည် ယိ ပင်း ၏ ကပ်စေးစေး
ဆံပင်များကြားတွင် ပိုင်စိုးပိုင်နင်းနင်းနှင့် ခပ်ရွရွ
ပြေးလွှားနေသည် ။ကြမ်းတမ်းပြီး အရိုင်းဆန်သည့် ကျောင်းလူမိုက်
လီ ရှန့် နှင့် မတူစွာ သူ့မျက်စိရှေ့မှ လီ ရှန့် သည်
စိတ်ရှည်လက်ရှည်နှင့် ငြင်သာနေခဲ့၏ ။ယိ ပင်း ကို အိမ်ရှေ့ထိ လိုက်ပို့ပေးသည့်အပြင်
ချက်ချင်းမဝင်ခိုင်းသေးဘဲ အချို ရည်များကြောင့်
ကပ်စေးရှုပ်ပွနေသော ဆံပင်အချောင်းလိုက်များကို
ရှင်းလင်းပေးသည် ။ ထို့အပြင် သူ ဘတ်စကပ်ဘော
ကစားတိုင်း ဆံပင်တွင်တပ်နေကြ ကလစ်အမဲရောင်
လေးကို ဘောင်းဘီအိတ်ကပ်ထဲမှ ထုတ်ကာ
ယိ ပင်း ၏ ရှေ့ဆံပင်ကို အပေါ်သို့လှန်တင်ပြီး
ကလစ်နှင့် ညှပ်ပေးသည် ။" မင်း ရဲ့ မျက်နှာကို ဖုံးစရာမလိုဘူး ။
အထူးသဖြင့် မင်း မျက်လုံးတွေကိုပေါ့ "တစ်ရက်တည်းတွင် တူညီသောစကားကို မတူညီသော
လူနှစ်ဦးဆီမှ ကြားလိုက်ရ၍ ယိ ပင်း စိတ်ရှုပ်ထွေး
သွားသည် ။ လီ ညီအစ်ကို နှစ်ယောက်လုံးဟာ
သူ့ကို ကစားချင်နေတာလား !!??အထူးသဖြင့် လီ ရှန့် ၏ ပြောင်းလဲသွားသော
အပြုအမူများမှာ ယိ ပင်း ကို အတွေးများစွာဖြင့်
ယောက်ယက်ခတ်စေပြီး မသိစိတ်ကပါ အရင်ကထက်
တင်းကျပ်ထိပ်လန့်လာသည် ။ သူ့ အရင်ဘဝကထက်
အချိန်စောသေစေချင်တဲ့ အရိပ်အယောင်များလား !!??
သူကိုယ်တိုင်လည်း အရင်ဘဝနှင့်မတူညီသော
လမ်းကြောင်းပေါ်ရောက်နေတာမှန်ပေမဲ့ လီ ရှန့် ၏
မယုံကြည်ရသောပြောင်းလဲမှုများက သေချာပေါက်
ကောင်းမွန်းသောပြောင်းလဲမှုမျိုး မဖြစ်တန်ရာ ။
YOU ARE READING
|| After 6 months || [Z+U]
General Fictionသူ့ကို သတ်သေအောင် ဖိအားပေးခဲ့တဲ့သူက သူ့ကို ကြိုက်တယ်ဆိုတာဖြစ်နိုင်သလား ?? သူ့ကို သတ်သေအောင် ဖိအားပေးခဲ့တဲ့သူက သူ့ကို ကြိုက်တယ်ဆိုတာဖြစ်နိုင်သလား ?? Own Creation Rebirth