Unicode
Zawgyi
** JRT (Justice,Responsibility & Truth)
မှုခင်းဆိုင်ရာအထူးစုံစမ်းရေးအဖွဲ့ **" ဋ္ဌာနမှူးက အကုန်လုံး အစည်းအေဝးအခန်းထဲလာခဲ့ဖို့ပြောလိုက်ပါတယ်"
ဝန်ထမ်းကောင်လေး တစ်ယောက်က
အာဘောင်အာရင်း သန်သန်နဲ့ ရုံးခန်းထဲကို
အမှာတော်ပါးလာတော့ ချန်းယောလ်
တစ်ချက်သာ လှည့်ကြည့်ပြီး ညည်းတွားလိုက်သည်။" အလုပ်ရှုပ်ပြီဆိုခေါ်ပြီ "
ချန်းယောလ်ဘေးနားမှာ ထိုင်ပြီး Computerကနေ Info ရှာနေတဲ့ကောင်မလေးကခေါင်းလေးမော့လာသည်။
" အဖွဲ့မှူး.....ပြီးမှ ဆက်ရှာရအောင်လေ၊
ဋ္ဌာနမှူးခေါ်နေတယ်တဲ့ "ရုံးခန်းထဲက လူတွေ တစ်စ တစ်စနဲ့
ထွက်သွားသော်လဲ ချန်းယောလ်ဟာ
တုတ်တုတ်မျှမလုပ်သလို အရှေ့ကနည်းပညာဆိုင်ရာတာဝန်ယူထားတဲ့ Somiဆိုတဲ့
ကောင်မလေးကိုလဲအသွားမခံ။" ငါရှာခိုင်းတာသာ ရအောင်ရှာစမ်းပါ "
လက်ထဲက စာရွက်စာတမ်းတွေကို
ကွန်ပြူတာနားကနေရာလွတ်ပေါ်
အသံမြည်အောင်ဆောင့်ချလိုက်တော့
Somi ခမျာ ဇက်ကလေးပုသွား
ပြီး တတောက်တောက်မြည်အောင်Typing
ရိုက်နေရပြန်သည်။" အသက်က 32 နှစ်၊
နာမည်က လီထယ်မင်း၊
Delivery ပို့တဲ့အလုပ်လုပ်တယ်....
ကျန်တာတော့ ရှာမရဘူး အဖွဲ့မှူး "ရှာတွေ့တဲ့ info တစ်ချို့ကို ရွတ်ပြလိုက်တော့
ချန်းယောလ်ကခေါင်းစောင်းပြီး ကွန်ပြူတာနားကို အတင်းတိုးကြည့်လာသည်။" အဲ့ဒါဆို ပြီးရင်သူ့ပုံတွေအကုန်A4 Size နဲ့ print ထုတ်လိုက်"
" သူက တရားခံလား အဖွဲ့မှူး "
" တရားခံအဖြစ်လျာထားရုံပါပဲ၊
မသေချာသေးဘူး "ကွန်ပြူတာကို ကုန်းကြည့်နေရာကနေ
မတ်မတ်ပြန်ရပ်လိုက်ပြီး ရုံးခန်းတစ်ခုလုံးကို
ဝေ့ကြည့်လိုက်တော့ တစ်ယောက်မှ
ရှိမနေတော့။
အကုန်အစည်းအေဝး အခန်းထဲရောက်သွား
ကြပြီ ထင်တယ်။