ချစ်ခွင့်...
၁၀တန်းစတက်သည့်နေ့ဖြစ်သည်။
သွက်လတ်နေကျ ခြေလှမ်းများသည် အနည်းငယ် လေးလံဟန်တူသည်။
အထက....အခြေခံပညာ ဦးစီးဌာန ကယားပြည်နယ် လွိုင်ကော်မြို့ ဆိုသည့် ဆောင်ပုဒ်အလွန်က တိုက်ပုဆောင်များနဲ့ လှပနေသည့် ကျောင်းဝန်းထဲကို သူခြေချလိုက်သည်။ကျောင်းသစ်ကြောင့်လားမသိ ရင်းနှီးခဲ့ဖူးသော အဖြူအစိမ်းနှင့် လူသားများသည်လည်း အသစ်အဆန်းပင်။ဘာကြောင့်ဟုဆိုလျှင် သူသည် ယနေ့မှပြောင်းလာသည့် ကျောင်းသူသစ် စိမ်းသက်သက်နွယ် ပင်။
အဆောင်းမှူးနှင့်အတူ ကျောင်းအပ်စဉ်ကမိမိတက်ရမည့်အခန်းကို ကြိုမေးထားသည်ကြောင့် အစိမ်းရောင်ခေါင်မိုးနှင့် အပြာနုရောင် စာသင်ဆောင်၏ ထောင့်စွန်းဘက်သို့ခြေလှမ်းများဦးတည်နေခဲ့သည်။
ဘေးမှပါလာသော သူငယ်ချင်းမ ၂ယောက်ကိုပင် သတိမထားမိဘဲ ပတ်ဝန်းကျင်အသစ်ကို စူးစမ်းငေးကြည့်ရန် အားသန်နေသည်။ အမြဲတမ်း ရန်ဖြစ်စကားများနေကျ သူတို့အုပ်စုသည် သည်နေ့မှ တိတ်ဆိတ်နေသည်။
၁၀တန်းCခန်း
တံခါးပေါက်မှ စာသင်ခန်းသို့လှမ်းကြည့်ရာ ကျောင်းသူကျောင်းသူးများ အပြည့်။
ခုံလွှတ်ပင်မရှိသဖြင့် ၄ယောက်သား တိုးတိုးလေး ညည်းညူမိသည်။"ဟဲ့ ငါတို့ ဘယ်မှာထိုင်ရမလဲ ခုံတွေ အကုန်ပြည့်နေပြီ..."
သူငယ်ချင်းမ မိုးမြတ်သူဇာ၏ စကားသံထွက်လာသည်။
"ဟုတ်ပါ့"
စိမ်း (ခ) စိမ်းသက်သက်နွယ် နှင့် ဆောင်း(ခ) ဆောင်းဟေမာန် မှာ
မျက်ခုံးလေးတွန့်ကာ အားမရဟန်နှင့် ထောက်ခံနေသည့် မျက်ဝန်းနှင့်။"ဟေ့ ဖယ်ဦး မဝင်ဘဲနဲ့ အဝင်ပေါက်မှာ ဘာရပ်လုပ်နေတာတုန်း
ဒီမှာ ခုံ မ လာတာ အားနာဦး..."အနောက်က သြရှရှအသံကြောင့် စိမ်းသည်
"ထိုင်စရာခုံမှမရှိတာ" ဟု ပြောရင်း ခန္ဓာကိုယ်ပါလှည့်ရင်း ထိုကျောင်းသားကို စွာရန်လှည့်ကြည့်ရာ
ဟင်....
အဖြူရောင်ရှပ်အင်္ကျီ အစိမ်းရောင် ပုဆိုးနှင့် ခပ်ကျယ်ကျယ်ရင်အုတ်
သက်ရှိသက်မဲ့မခွဲဘဲ ထို ခန္ဓာကိုယ်ကြီးကို ရပ်ကြည့်နေမိသည်။